☆19☆

2.8K 147 0
                                    

မြွေဖြူအရှင်
အပိုင်း၁၉

ဝဏ္ဏ တစ်ညလုံးဂူထဲမှာအသင်္ခရာနဲ့အတူ
အတိတ်အကြောင်းတွေပြောရင်းအချိန်ဖြုန်းခဲ့တာဖြစ်သည်

"သွားရအောင် ရွာထဲကို..."

"အင်း..."

မိုးလင်းသည့်အခါမှာတော့ တစ်ဦးလက်တစ်ဦးဆွဲကာ
ဘုရားဂူရွာထဲသို့ဝင့်ခဲ့တော့သည်

"ဟေ့ကောင်ဝဏ္ဏ..."

သူတို့နှစ်ဦးကိုမြင်တော့
ဗညားနဲ့သူရိယကမျက်နှာမသာမယာနဲ့ပြေးလာကြသည်

"မင်းဘယ်တွေရောက်နေတာလဲငါတို့တွေတစ်ညလုံးရှာနေတာ"

ဝဏ္ဏနှစ်ဦးသားဆုပ်ကိုင်ထားတဲ့လက်ကိုမြှောက်ပြပြီး
"အသင်္ခရာနဲ့အတူရှိနေတာ" ဟုပြန်ဖြေလိုက်သည်

ဗညားနဲ့သူရိယမှာသူ့တို့သူငယ်ချင်း
အချစ်ရေးမှာလူဖြစ်သွားပြီဟုသိလိုက်ရပေမဲ့ဂုဏ်ပြုစကားမဆိုနိုင်

"မင်း..ငါတို့အခုပြောမှာကိုသေချာနားထောင်ပေး"

"အေး ..."

"ရွှေဆုံးသွားပြီ"

"ဟမ်...."

"ညကမင်းတို့နှစ်ဦးပျောက်လို့လိုက်ရှာရင်း
တောထဲမှာရွှေရဲ့အလောင်းကိုတွေ့ခဲ့တာ..."

ဝဏ္ဏမျက်မှောင်ကြုံ့လိုက်သည်
အကောင်းကြီးရှိနေလျက်
ရွှေကဘယ်လိုဆုံးသွားတာလဲ

လူသုံးဦးစကားဝိုင်းထဲ
"အသင်တို့ကျွန်ုပ်ကိုအလောင်းဆီခေါ်သွားပေးနိုင်မလား" ဟုအသင်္ခရာဝင်ပြောလိုက်သည်

"ရတာပေါ့..."

အလောင်းပြင်ထားတဲ့အ​လောင်းစင်နားရောက်တာနဲ့ထူးခြားနေတာကို
အသင်္ခရာသိလိုက်သည်
အလောင်းပေါ်မှာ မျက်လုံးနီနီရဲရဲနဲ့မဲမဲ သဏ္ဌာန်ရှိသည့်သရဲတစ်ကောင်ကခွစီးနေသည်
ဒါတောထဲမှာတွေ့ခဲ့သည့်အငြိုးအတေးဝိညာဥ်ဘဲ
သို့သော်အဘယ်ကြောင့်သူ့မှာဒီလောက်စွမ်းအားတွေကြီးလာရသနည်း

အလောင်းအားစိုက်ကြည့်နေသည့် အသင်္ခရာကြောင့်
ဝဏ္ဏတို့ကစိတ်ဝင်တစားမေးလာတယ်

"တစ်ခုခုထူးခြားလို့လား"

"အင်း အရင်တုံးကသူမကိုဒီရွာကိုထွက်သွားဖို့သတိပေးပြီးသား
အဆောင်ကိုလည်းမချွတ်ဖို့လည်းမှာထားတယ် သူမကနားမထောင်တော့ကံပေါ့..."

မြွေဖြူအရှင်《Complete 》Where stories live. Discover now