မြွေဖြူအရှင်
အပိုင်း၂၄______________၃ရက်ကြာပြီးနောက်______________
ဒီရက်ပိုင်းရွာထဲကလူများစွာ မြွေကိုက်ခံရ၍
အသက်ဆုံးရှုံးကုန်သည်
အကိုက်ခံရသည့်လူတိုင်းဟာလည်းဘယ်တော့မှဆေးမမှီကြဘူး"အသင်္ခရာ..."
"အင်း"
"အခုဖြစ်ပျက်နေသမျှကိုဘယ်လိုထင်လဲ"
ဝဏ္ဏအမေးကြောင့်အသင်္ခရာ တွေးဆကြည့်လိုက်သည်
မြွေကိုက်ခံရတယ်လို့သာပြောနေကြတာ ဒီနယ်ကမြွေမှန်သမျှသူ့အသိမပေးဘဲ
မကောင်းမှုမလုပ်ရဲကြပေ
အထူးသဖြင့် ဒီလိုနေ့စဥ်ရက်ဆက်လူသတ်တာမျိုးဆို ပိုတောင်မလုပ်ဝံ့ကြဘူးဧကန္တတိုက်မြွေလား
ထိုအတွေးကို အသင်္ခရာအပြင်မှာပါထုတ်ပြောလိုက်မိသည်"တိုက်မြွေကဘာလဲ"
ဝဏ္ဏမရှင်း၍မေးကြည့်လိုက်သည်
အသင်္ခရာပါးစပ်ကထွက်သမျှအထူးအဆန်းကြည့်ဘဲ"တိုက်မြွေကအောက်လမ်းစရာတွေလူသတ်ဖို့သုံးတဲ့နယ်ရုပ်ဘဲ
တိုက်မြွေလုပ်မယ်ဆို သင်္ချိုင်းကရွှံ့ရယ် လူအရိုးပြာရယ်
ဘုရားပျက်တွေကအုတ်နီခဲမှုန့်ရယ်ပြီးတော့ မြွေဟောက်သည်းခြေနဲ့ သွေး လိုတယ်
ပစ္စည်းအားလုံးစုံရင်သမအောင်ရောမွှေပြီးလက်ရာမြောက်တဲ့မြွေရုပ်လုပ်လို့ရပြီရလာတဲ့မြွေရုပ်ကိုအခြောက်ခံဖို့နေပူလှန်းတဲ့အခါ အစီအရင်လုပ်တဲ့သူက
ဂါထာမန္တန်တွေမပြတ်ရွတ်နေရတာ
ဒါတွေအားလုံးပြီသွားရင်နောက်ဆုံးအဆင့်အနေနဲ့ နက္ခတ်အဝင်အထွက်ကောင်းတဲ့ညအချိန်
သင်္ချိုင်းထဲမှာ တိုက်မြွေအသက်သွင်းရတယ်......""အဲ့တိုက်မြွေဆိုတာ ဟိုတစ်ခါရွာသားတွေကိုဆွဲသွားတဲ့မြွေညိုကြီးလိုလား"
ဝဏ္ဏပြောတဲ့မြွေညိုကြီးဆိုတာ
အောက်လမ်းဆရာသာဂခုနှစ်စင်အစီအရင်အတွက်
အသုံးချခဲ့တဲ့မြွေကြီးကိုပြောခြင်းဖြစ်သည်"မတူဘူး အဲ့တုံးကတွေ့တဲ့မြွေညိုကြီးက
အောက်လမ်းရဲ့ဆေးမိထားလို့သူခိုင်းသမျှလုပ်နေရတာ
ဆေးပြယ်သွားရင်အမိန့်မနာခံတော့ဘူး
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်