Old Love -2

4.6K 171 11
                                    

အရွယ်လွန် အချစ်💓

Old Love  ep-2

“ဒါ့ကြောင့် ကျုပ်ပြောတယ်… ကျုပ်သမီးကို ညအိပ်ညနေ ဘယ်သူ့အိမ်မှမလွှတ်ပါနဲ့ အတန်တန် မှာတယ်..

မှာတဲ့ကြားက မအေဖြစ်တဲ့ ခင်များကိုက စိတ်ပြေလက်ပျောက် တရားစခန်း၀င်ခိုင်းတာလိုလို ကိုယ့်ဆွေကိုယ့်မျိုးတွေဆီ အလည် သွားခိုင်းတာလိုလို နဲ့ .. ကဲ အခုကြည့် ခင်များ ဘာတတ်နိုင်သေးသလဲ ..”

“ဟုတ်ပါတော် … ဟုတ်ပါ့ .. အသက်‌ လေးဆယ်အရွယ်သမီးလင်ရတာ ကျွန်မအပြစ် .. ကျွန်မကိုယ်က အဆုံးအမ မတတ်လို့ ဒီအသက်အရွယ်ရောက်မှ လင်ရတာ …ကျေနပ်ပါ့လား ကိုခင် “

အပျိုကြီးမခင်မျိုး ခိုးရာလိုက်ပြေး သွားသည့် သတင်းကြားကတည်းက

ဒေါ်ကြည်စိန် နှင့် ဦးခင်တို့ ဇနီးမောင်နှံ တစ်ယောက်တစ်ခွန်း စကားများနေကြသည်မှာ တိုး တစ်ခါ ကျယ် တစ်လှည့်  ညနေစောင်းကနေ အခုည သန်းခေါင်ထိပင်..

သူတို့လင်မယားနည်းတူ သားမကြားရအောင် ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် ငြင်းနေသည့် စုံတွဲလည်းရှိသေး၏..

“အသဲ .. ဦးလေး လုပ်ပုံကြီးက မမိုက်ဘူးကွာ … ကိုယ့်တူမ ယောင်္ကျားရဲ့အစ်မအရင်းမှန်းသိရက်နဲ့  … တောက် …

ဒါ  တမင်သက်သက် ကလိမ်ကကျစ်ကျပြီ ဦးလေးက မမကိုခိုးပြေးသွားတာပဲ ဖြစ်ရမယ် …”

တဗျစ်တောက်တောက် တောက်တစ်ခေါက်ခေါက်နဲ့  သဲ ဦးလေးအရင်းကြီးကို သဲရှေ့လာပြီ အပြစ်တင်နေတာကိုတော့သဲ သည်းမခံနိုင်ပါ … 

သဲ ဦးလေးက မှန်သည် မှားသည် ထက် သဲ အမျိုးလေ ဒါ့ကြောင့် သဲကဦးလေးဖက်ကနေ ရှေ့နေလိုက်ပြီ

“လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ ကိုကို …
မမကို အတင်းကာရော ခိုးပြေးရအောင် မမက သူငယ်နှပ်စားအရွယ်မှ မဟုတ်တာ ..

ပြီတော့  သဲဦးလေးက  ကလိမ်ကကျစ်
လုပ်သွားတယ် ပြောရအောင် သဲဦးလေးက မမကို ခိုးပြေးပြီမယူပါဘူးပြောနေလို့လား .. ဟွင့် …

တာ၀န်ယူပြီ မနက်ဖြန်ခါဆိုချက်ချင်း လာပြီ အပ်ရင် တောင်းရမ်းပါ့မယ် ပြောထားတာပဲ ..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now