❣️Old Love-26❣️

5.3K 157 6
                                    

အရွယ်လွန်အချစ်💓
Old Love-26

ပွေ့ဖက်ထားသော သူ့လက်မောင်းကြားက သူမခေါင်းကလေးကို
ကလေးတစ်ယောက်လို သူ ပွတ်သပ်ချော့သိပ်နေသည်။

နူတ်ကနေလည်း အိပ်ပါတော့ ခင်ခင်ရယ် ၊ အိပ်ပျော် အောင် အိပ်ပါ။

ခင်ခင် ဘေးမှာ ကိုယ်ရှိတယ်။

ကိုယ်ရဲ့ ဘေးမှာလည်း ခင်ခင်ရှိမှ ဖြစ်မယ်နော်။

ခင်ခင် အတွေးတွေထဲ သူ့ရဲ့ဘေးမှာ ခင်ခင်ရှိမှဖြစ်မယ်ဆိုသောအသိတွေ သိလာအောင် မြင်လာအောင် သူညတိုင်းချော့သိပ်သလို
ပြောသည်။

“ဒီအိမ်မှာ ခင်ခင် မရှိလို့ကို မဖြစ်ပါဘူးကွာ ။
ဟိုဖက်အိမ်က ကြောင်တွေ မီးဖိုခန်းထဲထိ ခိုး၀င်ပြီ သောင်းကျန်းနေတာ

ခင်ခင် ဟင်းတွေကိုသေချာသိမ်းထားလို့ပေါ့ကွာ မဟုတ်ရင်တော့ ကိုယ်တို့ ညစာကို ကြောင်စာ ကျန်တာတွေပဲ စားရတော့မယ်ထင်တယ်နော် ..”

သူက သူမပုခုံး နှစ်ဖက်ကို ဆုပ်ကိုင်ထားရင် ညည်းညူ သည်လည်းမဟုတ်။

ဆိုးဆိုးဝါးဝါးကြီးကြီး ကြောင်တွေကို အပြစ်ဖို့နေသည်လည်းမဟုတ်။

သူ့ဇနီး၏ ပါးနပ်မူ့နဲ့  အရေးပါပုံကိုသာ အ‌ လေးထားပြောနေသည်။

ခင်ခင်သည် သူ့ ပြောစကားတွေ ကြားနေပါသည်။

ကြားနေလျက်ပင် ဘာမျှ မတုံ့ပြန်သေး ။
သူမအတွေးများ နှင့် သူမ ငြိမ်သက်နေသည်။

ကိုမျိုး နူတ်ဆိတ်နေသော သူ့ဇနီးကို ကြည့်ပြီ သက်ပြင်းချ လိုက်သည်။

ဒီလိုပုံမျိုးနဲ့ ခင်ခင်ကို အိမ်မှာ ထားလို့မဖြစ်တော့တာ သူသဘောပေါက်သည်။

အိမ်ထဲမှာချည်းပဲ နေနေတာ ခင်ခင်ရယ် အပြင်လေးဘာလေးအရင်ကလို ထွက်ပါအုံး။

သူတိုက်တွန်းတိုင်း တော်ပါပြီ ကိုမျိုးရယ်  လူတွေက ကလေး အကြောင်းမေး ကလေးကြောင်းပြောရင် ကျွန်မ သိပ်စိတ်ညစ်တယ်။

ခင်ခင် ဖြစ်နေပုံက ကလေးမရရှိခြင်းနှင့် ပက်သက်ပြီ ရရှိနေသည့်စိတ်ကျရောဂါပဲ တဲ့ ။

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now