Old Love-17

3.3K 140 8
                                    

အရွယ်လွန်အချစ် 💓
Old Love-17

ခင်ခင် ..လို့သူက  ခေါ်သည်ကို ခင်ခင်က ဂရုမစိုက်..

တံခါး၀မှာရပ်နေသည့် သူ့ပုခုံးကိုပါ တွန်းတိုက်ပြီ  သူမသွားလိုသည့် လမ်းကို ဆက်လျှောက်သွားသည်..

ဒါ့ကြောင့် သူပါအနောက်ကနေ လိုက်သွားပြီ အောက်ထပ်ကိုဆင်းသည်..

အောက်ထပ်ကို ရောက်သည်နှင့် ခင်ခင်က မီးဖိုခန်းထဲက ဈေးခြင်းတောင်းကို ယူနေသည်မို့ သူကအရင် ခင်ခင့်လက်ထဲက ဈေးခြင်းကို လုပြီ ကိုင်လိုက်သည်..

ကိုင်ပြီသည်နှင့် ခပ်တည်တည်မျက်နှာပေးဖြင့်

“လိုက်ပို့ပေးမယ် ..”
“မလိုပါဘူး ..”
“အို ..လိုလို့  လိုက်မှာပေါ့ ..”

သူမလေသံအတိုင်း သူက ပြောင်ပြီ ပြောတော့ ခင်ခင်က သူမနူတ်ခမ်းကိုချွန်ချိတ်နေအောင်စူလိုက်ပြီ မျက်စောင်းထိုးသည်..

သူက ကျေနပ်သော မျက်နှာဖြင့် ဈေးခြင်း ကိုင်ကာ အိမ်ထဲက ထွက်သည်..

အိမ်ထဲက ထွက်ထွက်ချင်း  ဟွန်ဒါ စကူဖီ ဆိုင်ကယ် အဖြူရောင်လေးကို
သူမြင်လိုက်ပြီ  သူ့မျက်နှာ တစ်ခုလုံးပြုံးရွှင်သွားရ၏..

.
.
ဆိုင်ကယ်ကို ကားယားခွ .. လက်ကိုင်မှာ ချိတ်ထားသည့်
ဆိုင်ကယ် ဦးထုပ်‌ကို သူယူ ဆောင်းလိုက်သည်..

ယူဆောင်းလိုက်ပြီ မေးသိုင်းကြိုး မတပ်ပဲ ဆိုင်ကယ်သော့ဖွင့်နေသည့်သူ့ကို ခင်ခင်က
မြင်သည်နှင့်

“မေးသိုင်းကြိုးတပ်..”

သူက မကြားလိုက်သည့်ပုံစံဖမ်းပြီ
“ခင်ခင် .. ဘာပြောလိုက်တာလဲ ..”

“မေးသိုင်းကြိုးတပ်လို့ ..”
“ဘာမှ မဖြစ်ပါဘူး မော်တော်ပီကယ် တွေ ဘာတွေ မရှိလောက်ပါဘူး..”

ဟောတော်.. ကြည့်.. စိတ်ပျက်စရာ..
ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်ဖို့တပ်ခိုင်းတာကို အရေးထဲ မော်တော်ပီကယ် လွမ်းနေတယ်..

တော်တော် ကျွေးချင်နေသလား မသိ..

“သူတို့ ရှိရှိမရှိရှိ  ..ရှင် ဆိုင်ကယ် မောင်းရင် ရှင့်ခေါင်းမှာ ဆိုင်ကယ် ဦးထုပ် ရှိရမှာ ရှင့်အလုပ် ..

Old Love ( အရွယ်လွန် အချစ် )Donde viven las historias. Descúbrelo ahora