Old Love -10

4.7K 168 4
                                    

အရွယ်လွန် အချစ်💓
Old Love  -10

ဒီနေ့ နဲ့ မနက်ဖြန်  မတူဘူးနော် ..
တကယ် မတူဘူး ..

စိတ်ခံစားချက်တွေလည်း မတူတော့ဘူး .. ရုပ်ခံစားချက်တွေလည်း မတူတော့ဘူး ..

အချိန်တို အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်ကလေးတွေကလည်း
ထူးထူးဆန်းဆန်း လူရော စိတ်ပါ မတူအောင် ပြောင်းလဲပစ်သည်..

မနေ့ညကထိ ရှက်ရွံ့စွာ သူ့ကို  ရှောင်ဖယ် နေတတ်သည့် ကျွန်မ က မိုးလင်းတော့ သူ့ရင်ခွင်မှာ အကျအန  အိပ်စက် နေရသည်ကိုပင် အသားကျနေသည်..

သူကလည်း ကျွန်မကို အရုပ်လေး တစ်ရုပ် သို့မဟုတ် ဖက်လုံးလေး တစ်လုံး သဖွယ် နစ်မြုပ်အောင် ဖက်ထားရသည်ကိုပင် ကျေနပ်နေသဖွယ်..

အိပ်ခန်းအတွင်းက မီးရောင်က မှန်ပြတင်းပေါက်ကနေတိုးဖောက် ၀င်လာသည့် အပြင်ကအလင်းတန်းကြောင့် မှေးမှိန်နေသည် ..

ကိုယ်သင်းရနံ့တွေ ရောထွေးနေသည့်  အနံ့အာရုံက ကျွန်မ စိတ်ကို ထူးဆန်းစွာ ကြည်နူး စေသည်..

ကျွန်မရင်ဘက်ပေါ် တင်းကျပ်စွာ ဆွဲဖက်ထားသည့် သူ့လက်တွေကို ကျွန်မက ဖယ်တော့မှ သူက စောစောကထက် ပိုပြီ တင်းတင်းကျပ်ကျပ် တိုးဖက်သည် ..

တိုးဖက်ရင်မျက်လုံးမှိတ်လျက်သူက ကျွန်မလည်တိုင်တွေပေါ် မျက်နှာအပ် သူ့နူတ်ခမ်းတွေနဲ့ ဖိကပ်ပြီ လေသံ ခပ်တိုးတိုးလေးဖြင့်
“စောပါသေးတယ် .. ခင်ခင် ..”

ကျွန်မ ခဏတော့ သိပ်ရင်းနှီးမူ့မရှိသေးသည့် သူ့အထိတွေ့နဲ့ အယုယအောက်မှာ မေ့မျောရင် ဘာပြန်ဖြေရမလဲ မစဉ်းစားမိနိုင်သေး ..

အမိူက်ကားသံလိုလို လူနာတင်ယာဉ်ကားသံလိုလို  .. ဝီ… ဝီ နဲ့  ကားဖြတ်မောင်းသံ သဲ့သဲ့ ကြားမှ  ဖြတ်ခနဲ အသိ၀င်ပြီ  ကျွန်မရင်ဘတ်ပေါ်က သူ့လက်ကို ခပ်ဖွဖွလေး ပုတ်လိုက်သည်..

“မစောတော့ဘူး .. ကိုမျိုးရဲ့ .. “
  ထူးထူးဆန်းဆန်းနော် ကျွန်မ စကားသံတွေက ချိုနေပါရော..

သူကလည်း ကျေနပ် သွားပုံပါပဲ … ခပ်တင်းတင်း တိုးဖက်ထားသည့် သူလက်တွေကို ဖြေလျော့ပြီ လည်တိုင်ပေါ်က သူ့နူတ်ခမ်းကို ကျွန်မပါးပေါ်ပြောင်းတင်ရင် အားရပါးရ မွှေးလိုက်သည်..

တစ်ချိန်တည်းမှာပဲ သူက ကျေနပ်စွာ ရယ်လိုက်သေးသည် .. ကျွန်မလည်း ပြုံးမိသည် …

ဘာကြောင့် ပြုံးပြီ ဘာကြောင့် ရယ်နေကြသလဲ ဆိုတာ သူတို့ နှစ်ယောက် စကားတွေ မလိုဘဲ အဓိပ္ပာယ်ဖော်နိုင်ကြသည် ..

နေ့ချင်း ညချင်း ကူးပြောင်းသွားသည့် အချစ်၏ တန်းခိုးများကြောင့်လား

ဒါမှမဟုတ် မနေ့ညက  သူတို့အိပ်ခန်း အတွင်းမှာ ဖြစ်ပျက်သွားသည့်အဖြစ် အပျက် ကြောင့်လား ..
.
.
ကျွန်မ မျက်နှာသစ် ပြီ အ‌ခန်းထဲပြန်၀င် မှန်တင်ခုံရှေ့မှာ ထိုင်ရင် အစိမ်းရောင်ဘူးဝိုင်းကြီးထဲက ဂျယ်ကလေး မျက်နှာပေါ်အနှံ့ စိတ်ရှည်လက်ရှည် လိမ်းနေလိုက်သည်…

လိမ်းနေရင် အနောက်က  ကျွန်မကျောပြင်တစ်ခုလုံး သူ သိုင်းဖက်လိုက် တော့ ကျွန်မလက်တွေ  ရပ်သွားရသည်..

ဒါကို သူက မှန်ထဲကနေ ကျွန်မကို ကျေနပ်စွာကြည့်ပြီ ကျွန်မပါး တွေကို ဘယ်ညာ ထပ်မွှေးနေသည်..

“ဟော … ဘယ်လိုဖြစ်နေသလဲ ..”
“ဒီလိုပဲ ဖြစ်နေတယ် ဗျာ ..”

“သွား .. သူကဖြင့် မျက်နှာလည်း မသစ် သွားလည်း မတိုက်ရသေးဘဲ ..”

“မျက်နှာသစ် .. သွားတိုက်ပြီ ရင်ရတယ်ပေါ့ ..”
“အို .. မသိဘူး ..”
“ခင်ခင် .. သိပါတယ် ကွာ ..”

ပြောရင် သူက သူမပါးတွေ ကိုသာမက နူတ်ခမ်းတွေပေါ်ပါ  ကျူးလွန်လာပြီထပ်နမ်းတော့

“ကိုမျိုး .. “
“ထပ်ခေါ်ပါအုံး ခင်ခင်ရယ် ..”

သူက ညုတုတု ပြောတော့မှ  သိုင်းဖက်ထားတဲ့ သူ့လက်တွေကို ခင်ခင်က ဆွဲဆိတ်လိုက်ပြီ ချစ်စရာကောင်းအောင် မျက်စောင်းလေးထိုးပြသည်..

“ကိုယ်ဖြင့် ခင်ခင် အနားကနေ ခြေတစ်ဖဝါးမှ မခွာချင်ဘူးကွာ ..”
“အို .. ပိုပြန်ပြီ .. “

“မပိုရပါဘူးဗျာ .. တကယ် ပြောနေတာအခုထိ ကိုယ့်ကို ကိုယ် လိုနေ သေးတယ် ထင်တာပဲ ..

ဒါနဲ့ ခင်ခင်.. ညက အိပ်လို့ ကောင်းတယ်နော် .. ခင်ခင် ခေါင်းလည်း
မကိုက်တော့ဘူး .. . ချောင်းလည်း မဆိုးတော့ ဘူး ဟုတ်တယ်မို့လား..”

“အတူတူ အိပ်နေတာ ရှင် သိတယ်မဟုတ်ဖူးလား ..သွား..
သိရက်နဲ့ သူများ ရှက်အောင် လာမေးနေတာ ..”

“ဘာကို ရှက်တာလဲ .. ခင်ခင် ..”
“ကိုမျိုး ..”
“ဟော ဗျာ ..တကယ် မသိလို့ မေးနေတာကို ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now