Old Love -18

3.3K 155 4
                                    

အရွယ်လွန်အချစ် 💓
Old Love -18

သစ္စာဖောက်ခြင်း ခံရသည့် အရသာ အကြောင်း ကျွန်တော်ပြန်တွေးရင်

ငေးနေမိချိန် ခင်ခင်က ကျွန်တော့် လက်မောင်း လာထိပြီ ကိုမျိုးလို့ ခေါ်မှ သတိ၀င်မိသည်..

“ကိုမျိုး ပင်ပန်းနေရင် အပေါ်ထပ် ပြန်သွားအိပ်ပါ့လား ..”

ကရုဏာမျက်၀န်းများဖြင့် အကြံပေးလာသည့် ခင်ခင် မျက်နှာလေးကို ကျေနပ်စွာ ကျွန်တော်ကြည့်လျက် ခေါင်းညိတ်မိသည်..

ဒီနေ့ ဥပုသ်နေ့ဖြစ်တာကြောင့်  ကျွန်တော် အလုပ်အတွက် နောက်ဆံတင်းစရာမလို ကောင်းကောင်း အနားယူ နိုင်သည်..

ကျွန်တော်၏ အနားယူလိုတဲ့ပုံစံက အရင်နဲ့မတူတော့ပါ..

အရင်က  ပိတ်ရက်လို့ အသံကြားရင် တစ်နေရာရာကို ထွက်လည် လျှောက်သွားလိုက်ရမှ ကျေနပ်သည့် ကျွန်တော်က

အခုတော့ ပိတ်ရက်ဆိုလျှင် အားရပါးရ အိပ်ရာပေါ် ခြေဆန့်အိပ်ပစ်ပြီ အနားယူချင်သည်..

ဒါ့ကြောင့် ခင်ခင် အကြံ‌အတိုင်း အပေါ်ထပ် အခန်းထဲ ပြန်သွားအိပ်လိုက်သည်..
.
@@@

ခင်ခင် တစ်ယောက် သူမအိမ်က ဝေယျာ၀စ္စများကို စီမံပေးပြီနောက်
သူမအိပ်ခန်းအတွင်းသို့ ၀င်လာသည်..

၀င်လာသည် နှင့် ကြမ်းခင်းပေါ် အိပ်နေသော သူမခင်ပွန်းကို မြင်သည်နှင့်
သူမ ၀မ်းနည်း စိတ်တို ဒေါသ ထွက်ရပါပြီ..

ကြည့်ပါအုံး သူပင်ပန်းနေမှန်းသိလို့ သွားနားပါတော့ ပြောလိုက်တယ်..

အခုကြည့် ကြမ်းခင်းကြီးပေါ်အိပ်နေတာ ..
မြင်လိုက်လျှင် တော့နော် ..

မိန်းမအိမ်လိုက်လာပြီ  အစားဆင်းရဲ
အနေဆင်းရဲ နေတဲ့ ပုံစံသိပ်ဖမ်းတာပဲ ..

သူ့ကို ကိုယ်ကပဲ တမင်တကာ အနိုင်ကျင့်ထား သလိုပဲ ..

တကယ်ပဲ သူမက အနိုင်ကျင့်မိနေသလား တွေးမိတော့ သူမ ကိုယ်ထဲ အားနာစိတ်ရော ၀မ်းနည်းစိတ်ပါ ပြိုင်တူ ၀င်လာသည်..

စိတ်ခံစားချက်တွေရောထွေး ၀င်လာသည်နှင့် မျက်လုံးအိမ်ထဲက မျက်ရည်များကပါ မခေါ်ဘဲ ရောက်လာပြီသူ့ကို လူပ်နိုးမိသည်..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now