Old Love -9

4.7K 170 5
                                    

အရွယ်လွန်အချစ် 💓
Old Love -9

“ရှင့်အတိတ်က အမှားတွေကို ကျွန်မ ဘာတစ်ခုမှ မတူးဆွဘူး  ...

ပြုပြင်ပေးဖို့လည်း မကြိုးစားဘူး..

အခုလက်ရှိ ပစ္စပ္ပုန် နဲ့ အနာဂတ် မှာတော့ ရှင်ကိုယ်တိုင် ပြုပြင်ပြီ နေပါ ...

ကျွန်မ ယုံကြည်ရအောင်နေပါ ..

အဲ့သလိုမှ မဟုတ်ဘူး ရှင်မနေနိုင်ဘူးဆိုရင်တော့ ကျွန်မကလည်း ရှင့်အိမ်က အလှပြ မယားအဖြစ် မနေနိုင်ဘူး ..

ကျွန်မဘ၀ ကိုလည်း သနားစဖွယ် လင်တွယ်ကပ်နေတဲ့ မိန်းမအဖြစ်နဲ့လည်း အဆုံးမသတ်နိုင်ဘူး ..”

ဆိုသော ခင်ခင့်စကားများကို ကျွန်တော် ကြားရသည့်အချိန် ကျွန်တော်
စကားတစ်ခွန်းမျှ ပြန်ပြောနိုင် စွမ်းမရှိပါ ..

ပြန်ပြောလျှင်လည်း ကျွန်တော့်စကားများကို ခင်ခင် လွယ်လွယ်ကူကူယုံကြည်မည်ဟု၍လည်းမထင်ပါ..

ထင်စရာ အကြောင်းလည်း မရှိနိုင်ပါ ..

လူပျိုပေါက်အရွယ်မှာ အမိမဲ့ခဲ့တဲ့ ကျွန်တော်က ဥပမာပြရရင် အမိမဲ့ သား ရေနည်းငါး ပမာ နေခဲ့သည်..

အစ်မကြီး များကိုလည်း ကျွန်တော် လိုအပ်ချိန်မှသာ အမိရာ သွင်းခဲ့သည်..

ဒါ့အပြင် ကျွန်တော့်က ငယ်ရွယ်စဉ်မှာ စတင် လုပ်ကိုင် ခဲ့တဲ့ ကျောက်ပွဲစားကားပွဲစား စတဲ့ ပွဲစားအလုပ်မှာလည်း ကံရန်သင့် အောင်မြင်ခဲ့သူမို့ ‌ကံကိုယုံပြီ ဆူးပုံး တွေကိုတောင် နင်းကြည့်ဖို့ သွေးကြီး ခဲ့ဖူးသည့်လူပါ..

လူပေါင်းစုံနှင့် လိုက်လျော ညီထွေ နေတတ်ပြီ မျက်နှာပွင့် ဖို့ အတင်း ကြိုးစားစရာမလိုသည့် ကျွန်တော်မှာ အတ္တပေါင်း မြောက်များစွာလည်းရှိသည်..

ပိုင်ဆိုင်မူ့အတ္တ နှင့် ကျန်းမာခြင်း အတ္တ က ကျွန်တော့်ကို ပိုပြီ သွေးကြီးစေခဲ့သလား  ဒါမှမဟုတ် အမေမွေးသည့် ရုပ်ရည် နှင့် အတိတ်ကုသိုလ် ကံကပဲ သွေးကြီး စေခဲ့သလား ကျွန်တော်မသိခဲ့ ..

အခုကျွန်တော်သိသည်က ခင်ခင်က ကျွန်တော် ဆယ်စု နှစ် လေးစုစာ ‌တွေ့ဖူး ကြုံဖူး သည့် မိန်းမများနှင့်မတူ ..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now