Old Love -24

3K 162 3
                                    

အရွယ်လွန်အချစ်💓
Old Love-24

သူမွေ့ရမ် လိုက်သည်နှင့် ခါရမ်းသွားသော သူမ ဆံနွယ်ရှည်များက သူ့‌ ကျောပြင်ပေါ်မှာ ပျံ့ဝဲနေသည်..

“ခေါင်းမူး လိုက်တာ ကိုမျိုးရယ် ..”

ပြောပြီ ညည်းညူနေသည့် သူမခေါင်းကလေးက သူ့ပုခုံးနှင့်လည်ပင်ကြား
နေရာယူထားသည်..

သူမလက်နှစ်ဖက်များကလည်း ပြုတ်ကျမည်ကို စိုးရိမ်သည့်အလား အတင်း
သူ့လည်ပင်းကို တွယ်ကပ်ထား၏..

သူကတော့ သူ့ဇနီး အမူအရာများကို  ကျေနပ်စွာ ကြည့်ရူ့ရင် 

“ကိုမျိုး … အောက်ချ ပေးပါတော့ ..”
ဆိုသည့် စကားသံကို သာယာဖွယ် နားထောင်နေသည်..

သူမ ဘယ်လောက်ပြောပြော သူသန်မာကြောင်း ပြချင်သည့်

ကိုမျိုးကျော်သူက သူ့ဇနီး ခန္ဓာကိုယ်ကို သူ့ပုခုံးတစ်ဖက်ပေါ်တင်လက်တစ်ဖက်တည်းဖြင့် ထိန်းပြသည်..

အခန်းထဲပတ် လမ်းလျှောက်ပြသည်..
အိမ်အပြင်ထွက် လမ်းမပေါ် လမ်းလျှောက်ပြရမလားဟု ခင်ခင်ကို ခြိမ်းခြောက်သည်..

ခင်ခင်က အကြောက်အကန်း အပြင်တော့ မထွက်ပါနဲ့ အိမ်ထဲမှာတင်ချီပါဟု တောင်းဆိုနေရသည်..

ကလေးတစ်ယောက်လို သူမ ခန္ဓာကိုယ်ကို ဘယ်ညာ ရွေ့ နေသောကိုအားသန်ကြီးကို ခင်ခင်က နောက်ဆုံးမှာ

“အောင်မယ်လေး .. တော်ပါပြီ ကိုမျိုးရယ် ..
ရှင်က ကျွန်မ အောက် ဆယ်နှစ်လောက် ငယ်တယ်ထင်ရပါတယ် ..

မပွေ့ထားပါနဲ့တော့ ..

ရှင်က  တစ်‌ဆယ့်ခြောက် နှစ်သား လေးလိုပါပဲရှင် “

ဟုပင် ပြော လာရသည်..

သူမစကား ကြားသည်နှင့် သူက အောက်ချ ပေးသည်..

ကြမ်းပြင်နှင့်ခြေ ထိလိုက်ရသည်နှင့် ခင်ခင်က အနီးနားရှိ ထိုင်ခုံပေါ်ကတန်းမန်းတန်း ပြေးထိုင်သည်..

ထိုင်ပြီးသည်နှင့် ခင်ခင်က သူမ နားထင်ကို လက်ခလယ်နှင့်ဖိကပ်ပြီ

“အောင်မယ်လေး ဘုရား ဘုရား ..

ကိုမျိုးရယ် ခေါင်းတွေမူးလိုက်တာ ရှူဆေးဘူး ရှာပြီ ယူပေးပါအုံး ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now