Old Love-16

3.6K 161 8
                                    

အရွယ်လွန် အချစ် 💓
Old Love -16

“ခင်ခင် .. ကိုယ့်ကို အပြောကတော့ ကောင်းပါ့ လို့ .တွေးနေတယ်ဟုတ် ..”

သူက ပွင့်ပွင့် လင်လင်း မေးလာတော့လည်း အားမနာတမ်း ဟုတ်ပါတယ်လို့ ကျွန်မဖြေလိုက်သည်..

သူက ထုံးစံအတိုင်း  ရယ်ပြီ
“ ကိုယ် အလုပ်နဲ့ သက်သေပြပါ့မယ် ..”

“ရှင့် ဆန္ဒ အတိုင်းပါ ..  ကိုမျိုးကျော်သူ ..
ပွင့်ပွင်းလင်းလင်း ပြောရရင်

ကျွန်မကတော့ ကုန်ခဲ့ တဲ့ အချိန်လေးလ   ကလို  မျှော်လင့်ချက်တွေ ရှင့်ဆီကနေ ရဖို့ မတွေးတော့ပါဘူး..”

သူမဆီက  ကျွန်တော့် အပေါ်မျှော်လင့်ချက်မဲ့ သော စကားသံကြားရသည်က ကျွန်တော် အဖို့အ‌တော်ကြီးစိတ်ထိခိုက်စရာကောင်းပါသည်..

ဒါပင်မယ့် ကျွန်တော်က ခင်ခင် အပေါ်မှာ ထားသော သစ္စာတရား နှင့် အချစ်ကို သက်သေပြချင်သူပါ..

သက်သေဆိုတာ နူတ် ထက် အလုပ်က ပိုထိရောက်တာမှန်း ကျွန်တော် နားလည် လာပါပြီ ..

အတွေးကိုယ်စီ ဖြင့် နူတ်ဆိတ်နေသည့် ကားကလေးက အချို့အကွေ့များသည့် လမ်းပေါ်ကနေ ညီညာဖြောင့်ဖြူးသော
လမ်းမတွေပေါ် ‌ မောင်းနှင် လာသည်...

ပူပြင်းသော နေရောင်၏ အထိအတွေ့ကိုလည်း  ခံစားလာရသည်..

ရူပ်ထွေးသော ကားလမ်းမပေါ်က မျဉ်းကြောင်း တွေကို ဖြတ် ရင်
လိုရာခရီးကို နှင်လာသည်..

လမ်း အချိုး ကွေ့ ရောက် တော့မှ ကားပေါ်မှာ အသံ တစ်ခု ထွက်လာ၏..

“ခင်ခင် … သိပ္ပံ လမ်း ရဲ့ ဘယ်ဖက် ကို ချိုးရမှာ နော့ ..”

“ရှင် မမှတ်မိဘူးလား ..”
“နည်းနည်း ရောနေလို့ ..”

“သိပ္ပံလမ်းရဲ့ တောင်ဘက်ခြမ်း ပဲ ..”

ဒီစကားကိုတော့ ခင်ခင်က ခပ်တည်တည် ပြောလိုက် တာပါ..

အမှန်တကယ်က ခင်ခင် က အိမ်နဲ့ ဈေးနဲ့ သာ တစ်ယောက်တည်းသွားဖူးသည်..

မန္တလေးကျူံး ကိုတောင် ယောင်လို့ တစ်ယောက်တည်း မပတ်ဖူး..

ခင်ခင် က  သွားလိုသည့်နေရာများကို  သူမအမေ နှင့်အတူ ဒါမှမဟုတ်
အဖေ နှင့်အတူ သွားသည်..

ခင်ခင် ဘယ်သွားသွား အဖေက လိုက်ပို့ပေးသည်မို့  မန္တလေးက လမ်းများကို ခင်ခင်သိပ်မသိ..

သူမ သိသည်က ဘုရားကြီးလို့ ပြောလျှင် ရှေ့မုဒ် နောက်မုဒ် ..

ကျူံးဆို လျှင် အရှေ့ဖက် အနောက် ဖက် .. ဒီလောက်မျှသာ ဖြစ်သည်..

အထူးသဖြင့် ခင်ခင် သိသည်က ခင်ခင့် အိမ် နှင့်ဆိုင်က သိပ္ပံလမ်း တောင်ဘက်ခြမ်း မှာရှိသည် ဆိုတာပါပဲ ..

ဒါ့ကြောင့် သူ များထပ်မေးခဲ့ရင်  ဘယ်လိုများ ဖြေရပါ့မလဲ စိတ်လူပ်ရှားစွာ ခင်ခင် စဉ်စားနေသည်..

စဉ်စားရင်တစ်ချိန်လုံး မှီလိုက်လာသည့် ခါးကလေးကိုပါဆန့် လိုက်ပြီ  လမ်းများကို သိသလိုလို မှတ်မိသလိုလို ကြည့် နေလိုက်သည်..

ကြည့်ရင် ဘေးနားက ကားမောင်းနေသည့်
သူကို  ခင်ခင် ခိုးကြည့်တော့

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now