Old Love -28

3.3K 168 8
                                    

အရွယ်လွန်အချစ်💓
Old Love-28

“စိတ်၀မ်းမကွဲ စေချင်ပါဘူး ..”

ခင်ခင်က ရေရွတ်နေဆဲ  လှေကားပေါ်တက်လာသော ကိုမျိုး ခြေသံကို ကြားလိုက်ရသည်။

ဒါ့ကြောင့် ခင်ခင် လည်း  ကိုမျိုး ခြေသံ ကြားရသည်နှင့် အော်သံ တွေကြောင့် ဆင်းဟန်ပြုနေသောသူမ ခြေလှမ်းများကိုနောက်ဆုတ်လိုက်သည်။

နောက်ဆုတ်ပြီ ၀ရန်တာ ဖက်ကို ခပ်သွက်သွက်ကလေး လမ်းလျှောက်လိုက်သည်။

ဘာမျှမမြင် မကြားသလို ၀ရန်တာ ဖက်မှာချထားသော နောက်မှီ ကြိမ်ခုံ ကြီးပေါ် ခင်ခင် ထိုင်ချလိုက်သည်။

ထိုင်ချရင် ဖတ်လက်စ စာအုပ်ကလေး ကို အသာ ပြန်ကောက်ဖွင့်ဖတ်သည်။

ဖတ်ရင်  သူမအနား ရောက်လာသည့် ခင်ပွန်းမျက်နှာကိုလှမ်းကြည့်လိုက်သည်။

လှမ်းကြည့်ရင်  မျက်လုံးချင်းဆုံသည်နှင့်  ကိုမျိုးက

“ညနေ စောင်းနေပြီ .. မှောင်တော့မယ် စာအုပ် မဖတ်နဲ့တော့ကွာ ..မျက်လုံးတွေ နာလိမ့်မယ်”

သူပြောသည့် စကားကို ခင်ခင် ဘာမျှ အတွန့်မတက်။

စာအုပ်ကို အသာယာပိတ်  လိုက်သည်။

ပိတ်လိုက်ပြီ မျက်လုံး နှစ်ဖက် မှိတ်လျက်  လက်နှစ်ဖက်ကို ပိုက်ကြိမ်ခုံပေါ် အားရပါးရ မှီချလိုက်သည်။

ကိုမျိုးက တစ်ဖက် မျက်နှာချင်းဆိုင်  ထိုင်ခုံကနေ ခင်ခင်ကိုကြည့်ပြီ

“ခင်ခင်  ..”
“အင်း..”

“ကိုယ့် ပေါင်ပေါ် လာထိုင် ..”

သူ့စကားကြားသည်နှင့် သူမက မျက်လုံးများ ဖွင့်လိုက်ပြီ

“အို .. ကိုမျိုးကလည်း ကလေးကလား နဲ့ ..”
“တစ်ကယ်ပြောနေတာ လာထိုင် စမ်းပါကွာ ..”

“မထိုင်ချင်ပါဘူး ..”
“ခင်ခင် ..”

သူအော်သည်နှင့် ခင်ခင်က ဆတ်ခနဲ့ ထိုင်ခုံပေါ်ကနေ ထ တစ်ဖက်ကသူ့ပေါင်ပေါ်  လာထိုင်ပြီ

“ကိုမျိုး တို့ ယောင်္ကျားတွေလည်း ရောဂါထင်ပါရဲ့ ၊မိန်းမကို ကလေးတစ်ယောက်လို ပေါင်ပေါ် တင်ပွေ့ချင်ရတာနဲ့၊

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now