Old Love-22

3.2K 169 9
                                    

အရွယ်လွန်အချစ်💓
Old Love-22

တမင်တကာ ဦးမျိုးနှင့်  နီးစပ်သူတွေကို  ဖေ့စ်ဘွတ်ပေါ် သူငယ်ချင်းဖြစ်ခွင့်ရအောင် ၀တ်မူန် လုပ်ထားသည့်မို့

ရှစ်လ မြောက် မင်္ဂလာ လပတ်လည် ပွဲ ..
သက်ရှည် မောင်နှံ ဒါကာခံ ..

မိန်းမရ ခြင်း အမှတ်တရတဲ့ဗျာ..

အစရှိသဖြင့် စနောက်ပြီ ရေးထားသည့် ကတ်ပရှင်း နှင့်တကွပျော်ရွှင်နေသော ဓါတ်ပုံများကို ၀တ်မူန်မြင်နေရသည်..

မြင်နေရသည့် တစ်ပြိုင်နက် ၀မ်းနည်း စိတ်တို လာရသည်..

လွတ်သွားသော ငါးကြီး အခုမှ ကြီးမှန်းသိ၍ လက်လွှတ်ဆုံးရူံးလိုက်ရသော ခံစားချက်ကြီးက ၀တ်မူန်ရင်ထဲ လှိမ့်၀င်လာနေသည်..

အမှန်တစ်ကယ်ဆို ၀တ်မူန်က ဦးမျိုးကို လက်ထပ်ဖို့ ပြောတော့ ဦးမျိုး ခေါင်းညိတ်ပြီ အဖေ့ဆီလာ စကားပြောပေးခဲ့သည်မို့လား ..

ဦးမျိုး ၀တ်မူန်ကို ချစ်ရှာပါတယ် ..

၀တ်မူန် မောင်လေး ဆေးဖြတ် ဖို့ မန္တလေးက စိတ်ကျန်းမာရေး ဆေးရုံ ပို့တော့လည်း ဦးမျိုး ကူညီတယ် ..

၀တ်မူန် အမေ နေမကောင်းလို့ ဆေးရုံပေါ် လချီနေရတော့လည်း ကူညီတာပါပဲ ..

၀တ်မူန်ကိုယ်က မိုက်တာပါ.. မင်္ဂလာပွဲကို ဟိုလို ဖြစ်ချင်တယ် ဒီလိုဖြစ်ချင်တယ် ..လျှောက်ပြောမိတာ ..

အမှန်တစ်ကယ်ဆို ဦးမျိုးက အဖေ့ကို စိတ်တိုပြီ ငါနဲ့ နေချင်ရင် ငါ့အိမ်လိုက်ခဲ့ ၊

ငါ့ပစ္စည်း အကြောင်း တစ်ခုမှ မမေးနဲ့လို့ ပြောကတည်းက၀တ်မူန် လိုက်သွားရမှာ ..

၀တ်မူန် ကိုက သိပ်အ တာ ..

ဦးမျိုးက ၀တ်မူန်ကို ချော့ပြီ စောင့်ခေါ်မယ်ထင်ခဲ့မိတဲ့  ၀တ်မူန် အ တာ..

ဦးမျိုး က ၀တ်မူန်ကို ပြတ်ပြီလို့ ပြောကတည်းက တစ်စက်မှ လှည့်မကြည့်..

လှည့်မကြည့်သည့်တိုင်အောင် ၀တ်မူန်က မျှော်လင့်နေတုန်းပဲ..

မျှော်လင့်ရင် ကြားလိုက်ရသည့် သတင်းဆိုးကြီးက ဦးမျိုး

မန္တလေးက အပျိုကြီး နဲ့ ယူလိုက်ပြီတဲ့ ..
မြန်လိုက်တာနော် ..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now