Old love-4

3.7K 145 5
                                    

အရွယ်လွန် အချစ် 💓
Old Love -4

“အံ့မယ်လေး လေး .. အပျိုကြီးတို့များ လရှည် ခရီးတစ်ခေါက်ထွက်လိုက်တာ အိမ်အပြန် လောချဉ်ချဉ် ပါလာတယ်လို့ သတင်းမွှေးနေတာ ကျွန်မကဖြင့် ဟုတ်မှ ဟုတ်ရဲ့လားလို့တွေးနေတာ ..ဖိတ်စာမြင်မှ အံ့ဩရတယ် ..

တကတည်းပဲ .. မပြောလိုက်ချင်ဘူး .. ယူတော့လည်း..ဗြုန်းစားကြီး ..”

“ဒီလိုပဲ ဖြစ်သွားတာပါ မထား ရယ် … “

“အေးပေါ့ … မိုးကုတ် သူဌေးလက်ချိတ် ယူလာတယ်ဆိုတော့ဒီလိုပဲ ဖြစ်သွားတယ် ပြောမှာပေါ့ ..

ဒါနဲ့ အပျိုကြီးက ဟိုလိုက်သွားမယ်
သတင်းကြားတယ်  .. ဒီက မထား တို့ ခွက်ပျောက် အုံးမယ် တော့.. ပြောအုံး.. ပိုက်ဆံကိစ္စ ဘယ်လို စီမံရမလဲ..”

“အို.. မထားကလည်း  ဘာဆိုင်လို့လဲ  ပုံမှန်အတိုင်းပေါ့ .. ကျွန်မက ယောင်္ကျားယူတာနဲ့  လုပ်မစားရတော့ဘူးလား ..”

“သိဘူးလေတော် .. သူဌေးကတော်ဖြစ်သွားပြီဆိုတော့ ဈေးထဲ နေ့ပြန်ပေးမစားတော့ဘူးလားလို့ ..”

“အို.. ကြံကြံဖန် .. မထားလည်း ခွက် မပျောက်စေရသလို အပြန်အလှန်ကျွန်မ ငွေလည်း အပွား မပျက်စေနဲ့ပေါ့ … ဟုတ်ဖူးလား..

ဖုန်းတွေ ရှိနေတာပဲ  လိုအပ်ရင် လိုအပ်သလို ဖုန်းဆက်ပြောပေါ့ ..

ကျွန်မကလည်း ဟိုမှာနေမယ်ဆိုပင်မယ့် မကြာမကြာ ပြန်လာမှာ.. “

“အဲ့ဒီလိုဆိုရင် ကောင်းတာပေါ့ … ကျွန်မတို့ ဈေးသမားတွေက သိတဲ့အတိုင်းပဲ အမြဲလိုနေကြတာ ..”

“လိုတိုင်းလည်း လျှောက်ဖြည့်ပေးမနေနဲ့အုံး.. မထား အိတ်ထဲက စိုက်နေရမှာစိုးလို့ သတိပေးတာ ..

ကျွန်မကတော့ ဆုံးစရာအကြောင်းမရှိဘူးနော် သိတဲ့အတိုင်းပဲ ..”

“အံ့မယ်လေး သိပါတယ်တော် .. ဒါနဲ့ အပျိုကြီးက  ယောက်မ ဦးလေးခမည်းခမက် နဲ့ ဆိုလို့ ကျွန်မဖြင့် အသက်ကြီးမယ်ထင်နေတာ ..

ဘယ်ဟုတ်မလဲ  ပြောသလောက်မကြီးသေးဘူးပဲ ..

ရုပ်ကလည်း ဖြောင့်လိုက်တာ ဟိုတနေ့က ဖြတ်သွားရင် ကြည့်တာထက်ဒီနေ့ အိမ်အ၀က ဒန်းပေါ် ထိုင်နေခဲ့တာ တွေ့ခဲ့တာ များတော် ..

Old Love ( အရွယ်လွန် အချစ် )Hikayelerin yaşadığı yer. Şimdi keşfedin