Old Love -23

3.1K 167 13
                                    

အရွယ်လွန်အချစ်💓
Old Love-23

ပွေ့ဖက်ထားသော သူ့ရင်ခွင်ထဲမှာ အချိန်အတော်ကြာ
စကားမပြောဘဲ ငြိမ်သက်နေတဲ့ ခင်ခင်ကို သူသေချာကြည့်သည်..

တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးတောနေပုံရ၏..

သူ့ရင်ခွင်ထဲမှာ မှီပြီ ဘာတွေကိုများ အဲ့သလောက်တွေးနေသလဲဆိုတာ သိချင်စိတ် ထက် အတ္တစိတ်က လွန်ကဲလာသည်မို့

သူမ ပုခုံးကို နှစ်ဖက်ကို ဆုပ်ကိုင် သူနှာခေါင်း နှင့် သူမပါးကိုပွတ်တိုက်ပြီ

“ဘာတွေများ အကြာကြီး တွေးနေသလဲ ကွာ..”

သူမေးတော့ သူမက ခပ်ယဲ့ယဲ့လေး ပြုံးပြီ
သူ့ရင်ဘက်ပေါ် သူမလက်ချောင်းလေးတွေ တင်သည်..

တင်ရင်

“ကိုမျိုး ..”
“ဗျ..”

“ကျွန်မတို့ ဒီအိမ်မှာ သံဃာတော်တွေ ပင့်ပြီ ဆွမ်းကပ်ရအောင် ..

ကိုမျိုး ရဲ့ ရင်းနှီးတဲ့ ဧည့်သည် တွေနဲ့ ဒီရပ်ကွက်ထဲက လူတွေကိုလည်း
ဖိတ်ကြမယ်လေ .. ဘယ်နှယ့်လဲ ..”

သူမစကား ကြားတော့ သူက ခေါင်းညိတ်ရင် သူမကိုတိုးဖက်သည်..

တိုးဖက်ရင်

“ကောင်းတာပေါ့ .. ဒါနဲ့ ခင်ခင်  ဒီအိမ်ထဲရောက်ရောက်ချင်း ဘာမြင်လိုက်ရလို့လဲ .. သရဲမြင်လိုက်ရလို့လား ..

မကြောက်နဲ့ နော် ကိုယ်ရှိတယ် ..”

သူ့စကား နှင့် သူ့အပြုမူ ကြောင့် 
သူမကရယ်ပြီ

“သွားပါ .. ကိုမျိုးကို ပိုလွန်းတယ် .. ကိုမျိုးသာ ကြောက်တတ်ရင်ဘုရားခန်း ထဲ ထွက်အိပ် ..

ကျွန်မက မကြောက်ဘူး သရဏဂုံ
(၃)ပါး မြဲ ပြီသား ..”

“ကိုယ်ကလည်း   မိန်းမ ရှိရင် လုံခြုံပြီသား ..”

“‌ အောင်မလေး အားကိုး စရာကြီး .. “
“ကြွေ သွားပြီမို့လား ..”

“ဘာ ကြွေရမှာလဲ ..”
“ကိုယ့်ကို လေ .. ကြိတ် ကြွေနေတယ်မို့လား ..”

“ကိုမျိုး ..စကားကောင်းပြောရင် ထ ထ နောက်နေတာနဲ့ပြောချင်တာကို ရှေ့မရောက်ဘူးနော် ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now