Old Love -End

5.4K 212 21
                                    

အရွယ်လွန်အချစ်💓
Old Love-End

မေမေ ထမင်းစားပွဲ နားကနေ ထသွားသည်နှင့် ကိုမိုးကအရင်စားပွဲပေါ်က ဟင်းပန်းကန်တွေကို သူ့ထိုင်ခုံပေါ်က‌ နေ
ငုံ့ကြည့်သည်။

ငုံ့ကြည့်ပြီ  ကိုမိုးက
“ကိုဖြိုး .. မင်း ကြိုက်တဲ့ ငါးဖယ်တွေ မေမေက အများကြီးကြော်ထားတယ် ..”

“ဟုတ်လား ကိုဖြိုးက မေးပြီ  ငုံ့ကြည်နေဆဲ ကိုမိုးက ငါးဖယ်ကြော်
တစ်တုံး သူ့ပါးစပ်ထဲ လစ်ခနဲ့ ထည့်သည်။

ကိုဖြိုးက မြင်ပြီ တိုင်မယ်လို့ အော်ဖို့ ပြင်နေစဉ် ကိုမိုးက ကိုဖြိုးပါးထဲ
ငါးဖယ် တစ်တုံး ထည့်ပေးသည်။

ထည့်ပေးရင် ပါးစပ်ထဲက ငါးဖယ်ကြော် ဝါးရင် ကိုမိုးက

“ကောင်းတယ်နော် ..”

မေးပြီ ခေါင်းကို ဘယ်ညာ ယိမ်း  တဟား ဟား ရယ်နေကြသည်။

ဖေဖေ နှင့်မေမေ ထမင်းစားပွဲ နား ပြန်ရောက်မလာခင် အမွှာ ညီကို နှစ်ယောက်က ဟုတ်နေသည်။

“ကိုမိုး လက်ဆေး ပြီလို့လား ..”
“ဆေးပြီပြီ ..”
ကိုမိုးက သူ့ဘာသာ ငါးဖယ် ကြော်တွေ နိူက်စားရင်  ကိုဖြိုးကိုလည်း ခွံ့နေသည်။

အခွံ့ ခံရသည် ကိုဖြိုးက စားရင် ကိုမိုး ကို
“ကိုမိုး အများကြီး မစားရဘူး လူကြီး တွေ ပန်းကန်ထဲ ဦးချပြီ
မှစားလေ ..”

“ ထည့်ပေးပြီ သွားပြီလေ ဖေဖေ ပန်းကန်ပြားထဲ တစ် ၊
မေမေ့ ပန်းကန်ပြားထဲ တစ် ..”

သားနှစ်ယောက်က ငါးဖယ်ကြော် တွေ ဝိူက်နေစဉ် ဖေဖေ နှင့်မေမေက ဧည့်ခန်းထဲမှာ

“ကိုမျိုး … ထမင်း စားမှာကို တစ်ခါတည်း မလာဘဲ ထိုင်ခုံပေါ် အိပ်နေတယ် ၊ ဘယ်လို ဖြစ်နေသလဲ ..”

“ဘယ်လိုမှ မဖြစ်ဘူး ၊ ခင်များ တို့ သားမိတတွေသာ ပျော်ပျော်ပါးပါးစားကြ..”

“ဟော .. ဘယ်လို စကားတွေ ပြောနေသလဲ ..”

“ဘယ်လို စကားမှ မပြောဘူး ..”

“ကိုမျိုးနော်  ကလေး လည်းမဟုတ်ဘဲ နဲ့  သားသားတို့ နာမည်
ခေါ်သံကြားရင် ကိုမျိုးပါ လိုက်ခဲ့ လိုက် ပြီးတာပဲ ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now