Chapter(61)ဒါဆို သူပေါ့

5.7K 1K 2
                                    

Chapter(61)
ဝူယန်လန်သည် ဝူရုန်တို့ကို နောက်မှာ ကျန်ရစ်သည့် အချိန်မှ လမ်းပြပေးနေသည့် အစောင့်ကို မေးလိုက်တယ်။

"အဲဒီ ဝတုတ်နေတဲ့လူက ဘယ်သူလဲ?"

"သူက တောင်ဘက်ခြံဝင်းက တတိယသခင်ရဲ့သားငယ် ဝူရုန်"အစောင့်က လေးစားစွာ ပြန်ဖြေလိုက်တယ်။

"ဒါဆို သူပေါ့"ဝူယန်လန်သည် လှောင်ပြုံးပြုံးလိုက်တယ်။

သူတို့ကလန်အတွင်းမှာ ရှိနေတဲ့လူတွေက ဝူရုန်ဆိုသည့် အမည်ကို ကြားဖူးကြတယ်။သူ့အဖေက သူ့ကိုပြောပြခဲ့တာတော့ ဟေးအိမ်တော်မှ လူတစ်ယောက်သည် သူတို့ဘိုးဘေးကို ကယ်တင်ခဲ့ပြီးနောက် သူတို့ဘိုးဘေးက သူ့ရဲ့အဒေါ်နဲ့ဟေးအိမ်တော်က လူတစ်ယောက်ကို လက်ထပ်စေဖို့ ကတိထားရှိခဲ့တယ်။ဒါပေမဲ့ ဟေးအိမ်တော်က လူသည် အကျည်းတန် ရုပ်ဆိုးလွန်းတာကြောင့် သူ့ရဲ့ဘိုးဘိုးကြီးက ကလန်ခွဲက လူတစ်ယောက်နှင့် လက်ထပ်စေဖို့ လုပ်ဆောင်ခဲ့တယ်။ဒါပေမဲ့ ဟေးအိမ်တော်က လူသည် ယောကျာ်းလေးကိုသာ လက်ထပ်စေလိုသည်ဟု ပြောခဲ့တာကြောင့် ကလန်ခွဲခေါင်းဆောင်သည် ဝူရုန်လို့ခေါ်သည့် စိတ်စွမ်းအင်မရှိသည့် လူနှင့်  လက်ထပ်ပေးခဲ့တယ်။ဒီဇာတ်လမ်းက ဒီမှာဘဲ အဆုံးသတ်သွားတယ်။ဒါပေမဲ့ ဝူရုန်လို့ခေါ်သည့် လူက ဒီလောက်ထိဝနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။

ရုတ်တရက် တံတိုင်း၏တစ်ဖက်မှ စကားသံ ထွက်ပေါ်လာသည်။

"တောင်ဘက်ခြံဝင်းက သခင်တွေက ဟေးအိမ်တော်က ပို့လိုက်တဲ့ သခင်လေးဝူရုန်ရဲ့ သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ခိုးသွားတယ်ဆိုတာ မင်းကြားပြီးပြီလား?"

ဝူယန်လန်သည် ဟေးအိမ်တော်ဆိုတာကို ကြားလိုက်ရတာကြောင့် ရပ်တန့်လိုက်ပြီး အစောင့်တွေကိုလည်း အသံမထွက်ဖို့ အချက်ပြလိုက်တယ်။

"ကြားပြီးပြီ။ဒီအကြောင်းက မြို့ထဲမှာ ကောလဟာလတွေ ပြန့်နေတာလေ"

"သခင်ချွင်ချင်က လွန်ခဲ့တဲ့နှစ်ဝက်တုန်းက စိတ်စွမ်းအင်နယ်မြေပျက်စီးသွားတယ်။သူ့သားကလည်း ယောကျာ်းတစ်ယောက်နှင့် လက်ထပ်လိုက်ရတယ်။အခုတော့ သူ့ရဲ့ သတိုးသမီးတင်တောင်းလက်ဆောင်တွေက ခိုးယူခံရတယ်။တကယ်ကိုဆိုးတာဘဲ"

COTAW(unicode)Where stories live. Discover now