Ch(209+210)

3.6K 669 10
                                    


Ch(209+210)
Chapter(209)
မင်းကအထီးလား(1)

မကြာခင်သူတို့အိမ်တော်ကိုပြန်ရောက်လာပြီး အိမ်တော်ထဲကို ဝင်လာတဲ့အချိန်မှာ ဂေါင်တုန်က သူတို့ကို ခန်းမအပြင်မှာထွက်ပြီး စောင့်နေတာကိုတွေ့လိုက်ရတယ်။

"ရှင်တို့ ဘာဖြစ်လို့နောက်ကျနေတာလဲ?ပြသနာတစ်ခုခုရှိလို့လား?"

ဝူချွင်ချင်ကရှင်းပြလိုက်တယ်"ကိုယ်တို့က ကိုယ့်အဖေကို ဝူမိသားစုကို ပို့ပြီးတော့ ဈေးဝယ်ထွက်နေတာ။ဒါကြောင့်အချိန်ပိုကြာသွားတာ"

ဂေါင်တုန်က စိတ်သက်သာရာရသွားပြီး"ရှင်တို့လုံခြုံတယ်ဆိုရင် အဆင်ပြေပြီ။ရှင့်ရဲ့မိဘတွေကရော ဘယ်လိုနေလဲ?"

ဝူချွင်ချင်က သက်ပြင်းချလိုက်ပြီးပြောလိုက်တယ်"ကိုယ့်အဖေက မျက်စိတစ်ဖက်ဆုံးရှုံးသွားတယ်။ကိုယ့်အမေက ခြေထောက်နှစ်ချောင်းလုံးမရှိတော့ဘူး။သူမက လမ်းလျှောက်ဖို့အတွက် ပြသနာဖြစ်သွားပြီ"

ဂေါင်တုန်ကတိတ်ဆိတ်သွားတယ်။

အရင်တုတ်းကဆိုရင်တော့ သူမက ဝူချွင်ချင်ကို သူ့မိဘတွေကိုဂရုစိုက်ဖို့အကြံပေးပါလိမ့်မယ်။

"အမေ ရွမ်ရီ ဘယ်မှာလဲ?"ဝူရုန်ကမေးလိုက်တယ်။

"ဟေးရှင်းပြောတာတော့ သူကစာကြည့်ခန်းထဲမှာ စာဖတ်နေတာတဲ့"

ဝူရုန်ကအနောက်ဘက်ခြံဝင်းထဲကိုလျှောက်လာတော့ ဥကလေး ကျင်းရှင် ကွတ်ခူးနဲ့ ဟွမ်ရီတို့က ညစာစားဖို့ပြေးလာတာကိုတွေ့လိုက်ရတယ်။

"ပါးပါး ပါးပါး"ဥကလေးက ဝူရုန်ထံကိုပြေးလာပြီး ဝူရုန်ရဲ့ခြေထောက်ကိုဖက်ထားလိုက်ပြီးနောက် သူကသူ့လက်တွေကိုမြှောက်လိုက်ပြီး ဝူရုန်ကိုပွေ့ခိုင်းလိုက်တယ်။

ဝူရုန်က ဥကလေးကိုပွေ့ချီလိုက်ပြီး ဟေးရွမ်ရီနှင့်တူလွန်းတဲ့ မျက်နှာသေးသေးလေးကိုတွေ့တော့ တင်းကျပ်စွာဖက်ထားလိုက်တယ်။သူတစ်ခါပြောခဲ့ဖူးတာက ဟေးရွမ်ရီနဲ့တူတဲ့ကလေးလေးကိုလိုချင်တယ်လို့ပြောခဲ့ဖူးပြီး ဟေးရွမ်ရီက သူ့ကတိကိုတည်ပြီး သူ့ကိုတစ်ယောက်ပို့ပေးခဲ့တယ်။ဥကလေးက အရင်ဘဝတုန်းက ဟေးရွမ်ရီက ပို့ပေးလိုက်တာဖြစ်နိုင်လား?ဒါကအရမ်းဖြစ်နိုင်တယ်။

COTAW(unicode)Where stories live. Discover now