Chapter(3)ပြန်လည်မွေးဖွားခြင်း
ဝူအိမ်တော်၏နောက်ဖေးလမ်းကြားထဲတွင် ဆယ့်ငါးနှစ်အရွယ်ကောင်လေးသုံးယောက်သည် မြေကြီးပေါ်တွင်လဲကျနေသည့် ဖက်တီးကောင်လေးကို ကြည့်၍ ရယ်မောလိုက်ကြသည်။
"ဖက်တီး မင်းက ယောကျာ်းတစ်ယောက်နဲ့လက်ထပ်လိုက်ရတာကို ဂုဏ်ပြုပါတယ်။မင်းရဲ့မင်ဂလာဦးညမှာ ယောကျာ်းတစ်ယောက်နဲ့ ကာမဆက်ဆံရတာ ပျော်ရဲ့လား?"
"ဒီဖက်တီးငပိန်းကို ကြည့်လိုက် သူက ယောကျာ်းတစ်ယောက်နဲ့ ကာမဆက်ဆံရတာကို ပျော်နေမဲ့ပုံဘဲ။သူတို့မင်ဂလာခုတင်က သူ့ကြောင့်ကျိုးသွားရင်တောင် ငါအံ့ဩမှာ မဟုတ်ဘူး"
"ဟန့် မြေကြီးပေါ်လဲကျတာနဲ့တော့ မသေဘူးမလား?ဝူရုန် မင်းက ကာမဆက်ဆံတာတောင် မသေသေးတာဘဲ"
အပြာရောင်ဝတ်ဆင်ထားသည့် လူငယ်သည် မြေကြီးပေါ်လဲနေသည့် ဖက်တီးလေးကို ကန်လိုက်သည်။ရုတ်တရက် ဖက်တီးလေး၏ မျက်လုံးတွေသည် ပွင့်လာပြီး ဆယ်ကျော်သက်ကောင်လေးသုံးယောက်ကို အကြင်နာမဲ့သည့်မျက်ဝန်းတွေနှင့် စိုက်ကြည့်လိုက်တာကြောင့် သူတို့သည် ကြောက်လန့်တကြားနောက်ဆုတ်လိုက်ကြတယ်။
ဝူရုန်က စိတ်ရှုပ်ထွေးမှုကြောင့် တခဏလောက် စိုက်ကြည့်နေပြီးမှ"ကျင်းရှောင်လင်?ယုထန်းပေါင်?ပန်ဖန်?"
သူတို့က အသက်သုံးဆယ်ကျော်ပြီမဟုတ်လား?ဘာလို့သူတို့က ငယ်နေသေးတာလဲ?သူတို့က ငယ်ရွယ်ဆေးသောက်ထားတာလား?