Chapter(4+5)

8.5K 1.2K 3
                                    

Chapter(4)သွေးစွန်းနေတဲ့ခန္ဓာကိုယ်

ကောင်းကင်ဘုံက သူ့ကိုပြန်လည်မွေးဖွားစေပြီး ကလဲ့စားချေဖို့ အခွင့်အရေးပေးခဲ့တယ်။ဒါ့ကြောင့် ငါ့မိသားစုနှင့်ငါ့ကိုနာကျင်ထိခိုက်စေတဲ့ သူတွေကို အဆတစ်ထောင်ထက်ပိုခံစားစေရမယ်။

ဒီခဏမှာ ဝူရုန်က စိတ်လှုပ်ရှားပျော်ရွှင်မှု ဝမ်းနည်းနာကျင်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားရတယ်။ငါအသက်ပြန်ရှင်လာတာကြောင့် တူညီသည့် ရွေးချယ်မျုမျိုး လုပ်ဆောင်မှာ မဟုတ်ဘူး။အခုချိန်က သူ့ဘဝရဲ့အမှောင်မိုက်ဆုံး အားအနည်းဆုံး အဝဆုံးအချိန်ဖြစ်တယ်။အခုချိန်မှာ သူက စိတ်စွမ်းအင်ကို မကျင့်ကြံနိုင်သေးတာကြောင့် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ စွမ်းရည်လည်းမရှိဘူး။သူက အိပ်ရာထဖို့တောင် အကူအညီယူနေရသည့် အချိန်ဖြစ်တယ်။ဝမ်းနည်းစရာအကောင်းဆုံးကတော့ သူက ယောကျာ်းတစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး လူတွေ၏ဟားတိုက်ရယ်မောစရာဖြစ်ခဲ့တယ်။လူတွေက ယောကျာ်းတစ်ယောက်၏ဇနီးဖြစ်ခဲ့သည့် သူ့ကို လှောင်ပြောင်ရယ်မောခဲ့ကြတယ်။

ဝူရုန်သည် သူ့မိသားစုက လုံခြုံစွာရှိနေတာကြောင့် စိတ်သက်သာရာရသွားတယ်။သူက ဖြေရှင်းစရာကိစ္စအများကြီးရှိပေမဲ့ သူက အသက်ရှည်အချပ်ပြားကို အရင်ဆုံးရှာဖွေဖို့လိုတယ်။အရင်ဘဝတုန်းက သူ့အသက်နှစ်ဆယ့်လေးနှစ်မှာ သူ့အမေက အသက်ရှည်အချပ်ပြားကို ပေးခဲ့တာဖြစ်သည်။သို့သော်လည်း သူသိခဲ့တာက ဒီအသက်ရှည်အချပ်ပြားက တစ်ယောက်ယောက်က ကတိအတိုင်းပေးခဲ့တာဖြစ်သည်။ဒါပေမဲ့ သူ့အမေက ဘယ်သူပေးခဲ့တယ်ဆိုတာ မပြောပြခဲ့ဘူး။ဖြစ်နိုင်တာက သူ့အမေက အသက်ရှည်အချပ်ပြားအကြောင်းကို မသိတာဖြစ်နိုင်တယ်။ဘာဘဲဖြစ်ဖြစ် အသက်ရှည်အချပ်ပြားက သူကျင့်ကြံနိုင်ခြင်း၏ အကြောင်းပြချက်ပြချက်သာဖြစ်သည်။

COTAW(unicode)Where stories live. Discover now