Chapter(98)

4.7K 1K 13
                                    

Chapter(98)စွပ်ဖားလှည်းပြိုင်ပွဲ(၁)

"ရုန်အာ"အပြာရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ဝူရုန်ကို အော်ခေါ်လိုက်သည်။

ရုတ်တရက် ဝူရုန်သည် သူ့အမည်ခေါ်တာကြားတာကြောင့် လှည့်ကြည့်လိုက်သည်။သူက အပြာရောင်ဝတ်ဆင်ထားသည့် လူငယ်ကိုတွေ့လိုက်တာနှင့် မျက်မှောင်ကြုတ်လိုက်သည်။ဒီလူငယ်က အရှေ့ဘက်ခြံဝင်းမှ သူ့ရဲ့ဝမ်းကွဲဝူရှန်းဖြစ်သည်။

"အင်း ရှန်းအာ"ဝူရုန်က အလိုက်သင့်ဘဲ ပြန်နှုတ်ဆက်လိုက်တယ်။

ဝူရှန်းသည် ဝူရုန်၏ဘေးတွင်ရပ်နေသည့် ဟေးရွမ်ရီကိုကြည့်ပြီး မေးလိုက်သည်။

"ရုန်အာ သူက မင်းယောကျာ်းလား?"

"အင်း"ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး သူတို့ကို မိတ်ဆက်ပေးလိုက်သည်။

"သူက ငါ့ယောကျာ်းဟေးရွမ်ရီ ရွမ်ရီ သူက ကျွန်တော့်ဝမ်းကွဲဝူရှန်း"

ဟေးရွမ်ရီနှင့်ဝူရှန်းသည် တစ်ယောက်နှင့်တစ်ယောက် ခေါင်းငြိမ့်ပြီး အသိအမှတ်ပြုလိုက်ကြသည်။

ဝူရှန်းသည် ဝူရုန်တို့၏ရေခဲပြင်စီးစွပ်ဖားလှည်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ရုန်အာ ငါ့ညီလေးနဲ့ သူ့သူငယ်ချင်းတွေက ရေခဲပြင်စီးစွပ်ဖားလှည်းပြိုင်ပွဲမှာပါမလို့။မင်းတို့ရော ငါတို့နဲ့လာချိတ်ဖို့ စိတ်ဝင်စားလား?"

ဝူရုန်သည် ရေခဲပြင်စီးစွပ်ဖားလှည်းကို တန်းစီပြီးစီးတာက ပျင်းစရာကောင်းတယ်လို့ထင်တယ်။ဒါပေမဲ့ ရေခဲပြင်စီးစွပ်ဖားလှည်းကို ပြိုင်စီးရသ် စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ထင်တာကြောင့် သဘောတူလိုက်သည်။

"ကောင်းပြီလေ"

"ဒါဆို လောင်းကြမယ်။တစ်ယောက်ကို ရွှေပြားတစ်ရာစီ ဘယ်လိုလဲ?"

ဝူရုန်သည် ဟေးရွမ်ရီကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ရွမ်ရီ ခင်ဗျားစီမှာ ရွှေပြားတွေ ငွေပြားတွေအလုံအလောင်ပါရဲ့လား?"

ဟေးရွမ်ရီက ဟေးရှင်းကို ကြည့်လိုက်သည်။

ဟေးရှင်းသည် သူ့ရင်ဘတ်ထဲကနေ ဘဏ်လက်မှတ်ကို ထုတ်ယူလိုက်ပြီး ဝူရှန်းကိုကမ်းပေးလိုက်ရင်း မေးလိုက်သည်။

COTAW(unicode)Where stories live. Discover now