Chapter(117+118)

5K 999 8
                                    

အရှက်မဲ့သောချစ်ဇနီးပြန်လာခြင်း
Chapter(117)
ဘာစီ(1)

ဒီစကားလုံးတွေက ပြင်းထန်လွန်းတယ်။တစ်ချို့ကျောင်းသားကျောင်းသူတွေက ရယ်မောကြပြီး တစ်ချို့ကျောင်းသားကျောင်းသူတွေကတော့ ဝူရုန်အတွက် စိတ်မကောင်းဖြစ်ကြတယ်။

ဝူရှိက သူမရဲ့အကိုကို ဒီလိုမျိုးပြောတဲ့အတွက် ဒေါသထွက်လာပေမဲ့ ဝူရုန်က သူမရဲ့ပခုံးကိုဖိထားလိုက်တယ်။

ဝူရုန်က ယဉ်ကျေးစွာဘဲ ပြန်ပြောလိုက်တယ်"အကြီးအကဲရီကျွန်တော်က ဒါတွေကို မသိတာအမှန်ဘဲ။ဒါပေမဲ့ ဘာကြောင့် ကျွန်တော်ကဒီကို လာပြီးမသင်ယူသင့်တာလဲ?အနည်းဆုံးတော့ စုန်းကဝေအတတ်ပညာတွေကို သင်ကြားလို့ရပါသေးတယ်။ကျွန်တော်က စိတ်စွမ်းအင်မရှိရင်တောင် ဒီပညာရပ်ထဲကတစ်ချို့တစ်လေကို သင်ယူနိုင်ပါတယ်။ကျွန်တော်က ပညာရပ်တွေအားလုံးကို မသိဘူးဆိုရင်တောင် ဒါကိုတော့ ရှင်းရှင်းလင်းလင်းသိပါတယ်"

"မင်းပြောတာကို နားထောင်ရတာတော့ကောင်းပါတယ်"အကြီးအကဲရီကလှောင်လိုက်တယ်။

သူကဝူရုန်က ကျောင်းလာတာကိုပုံမှန်ဆိုရင် သူကမဆန့်ကျင်နိုင်တာကို သိတယ်။ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က စိတ်စွမ်းအင်မရှိဘူးဆိုရင် တောင်စုန်းကဝေပညာရပ်နဲ့ အချို့သောပညာရပ်တွေကို သင်ယူနိုင်တာကြောင့်ဖြစ်တယ်။ဒါပေမဲ့ သူ့အတွက်တော့ ဒီလိုလူကို သင်ပေးရတာ သူ့ရဲ့အချိန်ကို ဖြုန်းနေတာနဲ့တူတယ်။

"ဒီနေ့က ကျွန်တော့်ရဲ့ပထမဆုံးကျောင်းတက်တဲ့ရက်ဆိုပေမဲ့ ကျွန်တော်က နည်းပြတွေက သဘောထားကြီးပြီး သက်ညှာမှုရှိတယ့်တဲ့သူတွေလို့ ထင်ထားခဲ့တယ်။ကျောင်းသားတွေကို ဘက်လိုက်တတ်ပြီးအထင်သေးတတ်မယ်လို့ မမျှော်လင့်ထားဘူး။ဒါပေမဲ့ ခင်ဗျားကတော့လုံးဝကိုဆန့်ကျင်ဘက်ဘဲ။ဒီလိုလူက ဝိညာဉ်တွေနဲ့လည်းကောင်းကောင်း ဆက်မနွယ်နိုင်မှာမဟုတ်ဘူး။အဆိုးဆုံးဖြစ်နိုင်ချေကတော့ ခင်ဗျားကို ဝိညာဉ်က ထိန်းချုပ်သွားလိမ့်မယ်။ခင်ဗျားက ကျွန်တော့်ထက်ပိုပြီးတော်တယ်ဆိုတာတော့ ကျွန်တော်ယုံကြည်ပါတယ်"

COTAW(unicode)حيث تعيش القصص. اكتشف الآن