323-324

2.1K 395 9
                                    

323-324

Chapter(323)
ဝူရုန် ငါပြန်လာပြီ(1)

"ငါ တစ်ချက်လောက်ကြည့်လိုက်တာ"ရန်ရင်းက ခေါင်းကုတ်လိုက်ပြီး "ငါ လေတိုက်ပြီး သူတို့ဦးထုတ်ရဲ့အမြိတ်က လွင့်သွားတုန်းက သူတို့ရဲ့မျက်နှာကို မြင်လိုက်တာ။သူတို့က အရမ်းလှတယ်။သခင်လေးဝူရုန်လိုမျိုးဘဲ လှတယ်"

ရန်ကျီဇောင်က ဝူရုန်အကြောင်းပြောတာ ကြားတာနဲ့ လိုက်ကာကိုချပြီး ပြန်ထိုင်နေလိုက်တယ်။

ရန်ရှန်က ရန်ရင်းကို ဝူရုန်အကြောင်းမပြောဖို့ သတိပေးလိုက်တယ်။

ရန်ရင်းက နှုတ်ခမ်းဆူပြီး ရထားလုံးကိုမောင်းနေပြီး သူတို့က နောက်ဆုံးမှာတော့ သူတို့နေတဲ့ တည်းခိုခန်းကို ရောက်လာတယ်။

ရန်ကျီဇောင်က အခန်းထဲမှာနေနေရင်း ဒီဆေးပြားကို စားသင့်လား?မစားသင့်ဘူးလား?ဆိုတာ ဆုံးဖြတ်ရခက်နေတယ်။တစ်ဖက်မှာ သူဒီဆေးပြားကို စားလိုက်ရင် သေသွားမှာ စိုးရိမ်ပြီး တစ်ဖက်မှာတော့ သူဒီဆေးပြားကို မစားခဲ့ဘူးဆိုရင် သူကဆရာသခင်ကောင်းတစ်ယောက်ရမယ့်အခွင့်အရေးကို ဆုံးရှုံးသွားမှာစိုးနေတယ်။

သူက အချိန်အကြာကြီးတွေးနေပြီး နောက်ဆုံးမှာ သမားတော်တစ်ယောက်ကိုရှာပြီး ဒီဆေးပြားမှာ ပြသနာရှိသလားဆိုတာ စစ်ဆေးခိုင်းဖို့ စားပွဲထိုးတစ်ယောက်ကို သမားတော်ခေါ်ခိုင်းလိုက်တယ်။

သမားတော်က ဆေးပြားကို စစ်ဆေးလိုက်ပြီး "ဒါက အမျိုးမျိုးသောတန်ဖိုးကြီးဆေးဖက်ဝင်ပစ္စည်းတွေနဲ့လုပ်ထားတာဘဲ။ကျုပ်က ပါဝင်တဲ့ဆေးဖက်ဝင်တဲ့ပစ္စည်းတွေရဲ့အမည် ငါးမျိုးလောက်ကိုဘဲ အတိအကျပြောနိုင်တယ်။ကျုပ်က ပါဝင်ပစ္စည်းတွေအားလုံးကို အတိအကျမပြောနိုင်တာ စိတ်မကောင်းပါဘူး"

"တကယ်လို့ ကျွန်တော် ဒါကိုစားလိုက်ရင်သေစေနိုင်လား?"ရန်ကျီဇောင်က မေးလိုက်တယ်။

"ကျုပ်ရဲ့အမြင်အရပြောရရင် ကျုပ်ကပါဝင်ပစ္စည်းတွေအားလုံးကို မပြောနိုင်ဘူး။ဒါ့ကြောင့် ကျုပ်မင်းကိုအဖြေမပြောနိုင်ဘူး။ဒါပေမဲ့ ကျုပ်ပြောနိုင်တာက ဒီထဲက ပါဝင်ပစ္စည်းတွေက ကျန်းမာရေးအတွက် တကယ်ကိုကောင်းတယ်ဆိုတာဘဲ"သမားတော်ကပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now