Ch(206-208)

3.6K 665 10
                                    


Ch(206to 208)
Chapter(206)
ဒါအမှန်ဘဲ(1)

ဝူရုန်နှင့်ဝူချွင်ချင်က မြို့ပြင်ကို အစောင့်တစ်ချို့ကိုခေါ်ပြီးထွက်လာခဲ့တယ်။ဝူပုဖန် ယိုစုရန် ဝူယုနှင့်အကြီးအကဲငါးယောက်ကလည်း အဲဒီမှာစောင့်နေကြပြီဖြစ်တယ်။

သူတို့က ဝူရုန်နှင့်ဝူချွင်ချင်ကိုတွေ့ဖို့ရှက်ရွံ့ကြတယ်။

ဝူချွင်ချင်က သူတို့စီကိုသွားပြီး နှုတ်ဆက်ပြီးတာနှင့်သူတို့နှင့် ဆက်ပြောချင်စိတ်မရှိဘဲ သူကဝူရုန်နှင့်အတူ ဘေးမှာသာ စောင့်နေလိုက်တယ်။

ဝူပုဖန်နှင့်ယိုစုရန်က သူတို့ကိုကြည့်ပြီး ဂရန်းမစ္စတာ(ဝန်ကြီးချုပ်)၏ဧည့်ခံပွဲနေ့တုန်းက ဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြဖို့ သူတို့ကလမ်း ကြည့်လာတယ်။ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့မာနက သူတိုကို တောင်းပန်ဖို့ခွင့်မပြုတာကြောင့် ဘာမှမပြောတော့ဘူး။

နာရီဝက်လောက်ကြာပြီးသည့်နောက်မှာတော့ ထောင်ချီတဲ့ရထားလုံးတွေက အင်ပါယာမြို့ရဲ့ဂိတ်ပေါက်ဘက်ကိုဦးတည်လာတယ်။

ယိုစုရန်က အစောင့်တစ်ချို့ကိုမှတ်မိတာကြောင့် စိတ်လှုပ်ရှားစွာအော်လိုက်တယ်"ကြည့်လိုက်!အဲဒါသူတို့ဘဲ!သူတို့ရောက်လာပြီ"

ဝူပုဖန်နှင့်ယိုစုရန်က စိတ်လှုပ်ရှားစွာ ရထားလုံးတွေရှိရာဘက်ကို ပြေးသွားကြတယ်။

အစောင့်ခေါင်းဆောင်က ဝူပုဖန်တို့ကိုဖြတ်ကျော်လာပြီး ဝူရုန်နားကိုမရောက်ခင်မှာ ရထားလုံးကို ရပ်တန့်လိုက်ပြီး ဝူရုန်ကို လာရောက်နှုတ်ဆက်လိုက်တယ်"နှုတ်ဆက်ပါတယ် ကြင်ယာတော်"

"အခြေအနေ ဘယ်လိုရှိသလဲ?"ဝူရုန်ကမေးလိုက်တယ်။

"ကျွန်တော်တို့ ခြုံခိုတက်ခိုက်ခံရတာ အနည်းငယ်ရှိပေမဲ့ ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါတယ်"အစောင့်က သူတို့ခြုံခိုတိုက်ခိုက်ခံရတာကို ပြောပြလိုက်တယ်။

ဝူရုန်က သူကဘယ်သူကခြုံခိုတိုက်ခိုက်တာကို သိပြီးဖြစ်တာကြောင့် ပြောလိုက်တယ်"မင်းတို့ လုံခြုံနေရင် အဆင်ပြေပြီ"

COTAW(unicode)Where stories live. Discover now