281-282
Chapter(281)
အန္တရာယ်(2)ဝူရှိက ဝူချွင်ချင်က လုံခြုံသွားတာကိုကြည့်ပြီး ငိုနေရာမှ ပျော်ရွှင်သွားပြီး "အဖေ အဖေက အခုလုံခြုံသွားပြီ"
အဲဒီကျင့်ကြံသူနှစ်ယောက်က သေဆုံးသွားကတည်းက သူ့ဖခင်ကို သတ်ဖို့ရည်ရွယ်တဲ့သူ မရှိတော့ဘူးလို့ဆိုလိုတာဘဲ။
"ရုန်အာ အဖေရဲ့ပခုံးမှာ ရပ်နေတာက ဘာတိရစာ္ဆန်အမျိုးလဲ?ဘယ်အချိန်တုန်းက အဖေမှာအဲဒါရှိနေတာလဲ?"
"အဲဒါက ဟွမ်ရီ"
"ဒါပေမဲ့ အဲဒါကသေးလွန်းတယ်"ဝူရှိက အံ့အားသင့်သွားတယ်။
"သားရိုင်းတွေက အကြီးအသေးပြောင်းလို့ရတယ်။ကံကောင်းစွာဘဲ မင်းအဖေက အဲဒီသားရိုင်းကို ခေါ်သွားခဲ့တာဘဲ"ဝူချန်လွီကပြောလိုက်တယ်။
"မဟုတ်ဘူး။အဖေက သူရှိနေတာကို သိမှာမဟုတ်ဘူး။ဟွမ်ရီက အဖေ့အမိန့်ကိုနာခံမှာမဟုတ်တာကြောင့် အဖေ သိမှာမဟုတ်ဘူး။ရုန်အာ မင်းမလား?မင်းက ဟွန်ရီကို အဖေ့ရဲ့အိတ်ကပ်ထဲမှာ ပုန်းနေခိုင်းတာမလား?"ဝူရှိက မေးလိုက်တယ်။
"မင်းနဲ့အတူလည်း တစ်ကောင်ရှိတယ်"ဝူရုန်က ခေါင်းငြိမ့်ပြီးပြောလိုက်တယ်။
"ငါ့မှာလည်းတစ်ကောင်ရှိတာလား?"ဝူရှိက သူမခါးက အိတ်ကပ်ထဲကိုရကြည့်လိုက်တော့ သေးငယ်တဲ့ငှက်ကလေးက ခေါင်းထုတ်ကြည့်လာပြီး"ကွတ်ခူး"
သူမက အရမ်းစိတ်လှုပ်ရှားသွားပြီး"ရုန်အာ အဲဒါက အရမ်းကောင်းတယ်။မင်း ဘယ်အဆင့်ကိုဘဲ ပြိုင်ပွဲဝင်ရပါစေ ကွတ်ခူးနဲ့ဟွန်ရီသာရှိရင် မင်းကဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ရှောင်နိုင်လိမ့်မယ်"
"ငါတော့ နောက်ပြိုင်ပွဲတွေမှာ သားရိုင်းတွေကိုယူခွင့်ပေးလိမ့်မယ်လို့ မထင်ဘူး"ဝူရုန်က အဓိပ္ပာယ်ပါပါပြောလိုက်တယ်။
ပြိုင်ကွင်းထဲမှာတော့ ဝူချွင်ချင်က သူ့ပခုံးပေါ်က သားရိုင်းက ဟွန်ရီဆိုတာ မှတ်မိသွားတယ်။
ဝူပုဖန်က ဝူချွင်ချင်က အန္တရာယ်ကနေ လွတ်မြှောက်သွားပြီဖြစ်တာကြောင့် ဝူချွင်ချင်ကို လာဆွဲထူတယ်။