Chapter(215)
ပြသနာဖြစ်ပြီ(1)ဝူရုန်က ရှင်းပြလိုက်တယ်"သူကအနှောင့်အယှက်ပေးတတ်တဲ့ကလေးလေ။ကျွန်တော်တို့ကသာ သူ့ကိုခေါ်လာရင်သူကပန်းတွေကြားမှာ လျှောက်ပြေးကစားပြီး အခြားလူတွေကို အနှောင့်အယှက်ပေးလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့က သူကအခြားလူတွေကိုအနှောင့်အယှက်မပေးနိုင်ဖို့ အိမ်မှာဘဲ ထိန်းထားရတယ်"
ဒါကအမှတ်တရားသာဖြစ်တယ်။
ဥကလေးကိုသာ ဒီနေရာကိုခေါ်လာရင် သူကနေရာတိုင်းမှာ လျှောက်ပြေးနေလိမ့်မယ်။
ဝူဝေ့ရွယ်က ဒါကိုကြားတော့ပျော်ရွှင်သွားတယ်။ဒါက ဟေးရွမ်ရီက မိန်းကလေးတွေကိုလည်း ချစ်မြတ်နိုးပြီး ဒီကလေးလေးက သူမက ဟေးရွမ်ရီနှင့်လက်ထပ်ဖို့အတွက် အကောင်းဆုံးအခွင့်ရေးဘဲ။
မကြာခင်မှာတော့ ဝူချန်ဇီက အိမ်တော်ကို ပြန်ရောက်လာတယ်။
သူက ဝူရုန်နှင့်ဟေးရွမ်ရီကို နွေးထွေးစွာ ကြိုဆိုပြီး သူမက ညစာစားဖို့တောင်ဖိတ်ခေါ်လိုက်သေးတယ်။သူမက ဝူရုန်နှင့်ဟေးရွမ်ရီကို သူ့ရဲ့တကယ့်မိသားစုဝင်လိုမျိုးတောင် ဂရုစိုက်မှုကိုပြသလိုက်သေးတယ်။
ညစာစားပွဲမှာတော့ ဘာမှမဖြစ်ပျက်ဘူး။ကြည့်ရတာတော့ သူမက ဝူရုန်တို့ကို ညစာစားဖို့သက်သက်ဖိတ်ခေါ်ထားသလိုတောင်ထင်ရတယ်။
ညစာစားပြီးတဲ့အချိန်မှာတော့ သူမက သူတို့ကိုအပြင်မှာ လျှောက်ပြလိုက်သေးတယ်။
ဝူရုန်က ဝူချန်ဇီက သူတိို့ကို တကယ်ကိုဘဲ စားဖို့တစ်ခုတည်းအတွက် ဖိတ်ခေါ်ထားတာလားဆိုတာ သိချင်လာတယ်။
သူတို့က ဝူချန်ဇီကိုနှုတ်ဆက်တဲ့အချိန်မှာတော့ အိမ်တော်ထိန်းကပြေးလာပြီး ပြောလိုက်တယ်"ဂရန်းမစ္စတာ...."
ဝူချန်ဇီက လေးလံစွာပြောလိုက်တယ်"မင်းကဒီမှာ ဧည့်သည်တွေရှိနေတာကို မမြင်ဘူးလား?သူတို့ပြန်သွားမှပြောလို့မရဘူးလား?"
"တောင်းပန်ပါတယ်။ဒါပေမဲ့ ကျွန်တော် ပြောမှဖြစ်မှာမလို့ပါ"
ဝူဝေ့ရွယ်ကပြောလိုက်တယ်"အဘိုး သူ့ကိုပြောခွင့်ပေးလိုက်ပါ။အရေးကြီးလို့နေမှာ"