Chapter(42+43)

5.9K 940 5
                                    

ဝူချွင်ချင်နှင့်ဝူရုန်ထွက်သွားပြီးနောက်မှ ဝူချွင်ဂျင်နှင့် တခြားညီအကိုတွေက ပုဂျင်းခြံဝင်းက ထွက်လာခဲ့တယ်။

ဝူချွင်တုန်က ဒေါသတကြီး တံတိုင်းကို လက်သီးနှင့်ထိုးလိုက်ပြီး အော်လိုက်တယ်။

"လီးလိုဘဲ!ဒီစိတ်ကူးက ငါတို့က သူတို့စီက ပစ္စည်းတွေငှားဖို့လေ!အခုတော့ ငါတို့က သူတို့ကို ငှားပေးရတော့မယ်။ငါတို့က ကျောက်တုံးမနေရင်း ကိုယ့်ခြေထောက်ပေါ် ပြုတ်ကျသွားသလိုဖြစ်နေပြီ"

သူတို့က ဒီပစ္စည်းတွေက သူတို့ကိုယ်သူတို့ကာကွယ်ဖို့ လိုတယ်လို့ပြောပြီး ဝူရုန်ပြောတာကို ငြင်းဆန်နိုင်တယ်။ဒါပေမဲ့ သူတို့မှာ မှော်လက်နက်တွေလုပ်ဖို့ ဒီရတနာပစ္စည်းတွေအပြင် အခြားလိုအပ်သည့်ပစ္စည်းတွေမရှိဘူး။ဒါကြောင့်လည်း သူတို့က ဒီပစ္စည်းတွေကို အသုံးမပြုနိုင်ကတည်းက ဝူချွင်ချင်ကို မှော်လက်နက်တွေလုပ်ဖို့ ဝူပုဖန်က ပေးခိုင်းလိုက်တာဖြစ်တယ်။

ဝူချွင်ဘင်က လေးလံစွာနှင့်ပြောလိုက်တယ်"အကိုကြီး အကိုသုံးက ကျွန်တော်တို့က သူ့မှော်လက်နက်တွေကို ပြန်မပေးလို့ ဒီလိုလုပ်တာလား?သူက ဒီအခွင့်အရေးကိုသုံးပြီး မှော်လက်နက်တွေပြန်ရအောင်လုပ်တာလား?"

ဝူချွင်ဂျင်က"ငါတော့ ဒီလိုမထင်ဘူး။အဘိုးနဲ့မတွေ့ခင်တုန်းက သူကဒီလိုစိတ်ကူးမရှိဘူး။မင်းတို့လည်း ချွင်ချင်အကြောင်းကို သိနေတာဘဲ။သူသာပြန်တောင်းချင်ရင် အခုအဘိုးကို ငါတို့အကြောင်းပြောလိုက်မှာပေါ့။ဒါပေမဲ့ သူစကားတစ်လုံးမှမပြောတာက သူက ဒီပစ္စည်းတွေထက် ညီအကိုသံယောဇဉ်ကို တန်ဖိုးထားလို့ဘဲ"

COTAW(unicode)Where stories live. Discover now