Chapter(47+48)

5.5K 919 11
                                    

Chapter(47)စုန်းတွေရဲ့ရိုးရာပွဲတော်

ဝူရုန်က အလွန့်အလွန်ကို ကိုးယားကားယားနိုင်တယ်လို့ ခံစားရတယ်။သူက ရူးနေလို့ ဟေးရွမ်ရီရဲ့မျက်နှာကို သွားကိုင်လိုက်တာဘဲ။သူက တကယ်ကို ရူးနေတာဘဲ။

ဝူရုန်က ဟေးရွမ်ရီက သူ့ကိုအပြစ်တင်မလားဆိုတာ အချိန်အတော်ကြာစောင့်နေပေမဲ့ ဟေးရွမ်ရီက ဘာမှမပြောလာပါဘူး။ဝူရုန်က ဟေးရွမ်ရီက ဒီအသားမျက်နှာတုကို ဘာကြောင့်သပ်ထားလဲဆိုတာ သိချင်တယ်။သူက သူ့ရန်သူတွေက သူ့ကိုမှတ်မိသွားမှာကြောက်လို့လား?ဒါမှမဟုတ် သူက သူ့ရဲ့ဆွဲဆောင်မှုကြောင့် လူတွေကစိုက်ကြည့်မှာကို မလိုချင်လို့လား?ဒါမှမဟုတ် သူကပြောလို့မရတဲ့အကြောင်းပြချက်တွေရှိလို့လား?

ဝူရုန်က ဒီမေးခွန်းတွေကို တွေးရင်းနှင့်ဘဲ အိပ်ပျော်သွားတယ်။

မနက်ငါးနာရီလောက်မှာ ဟေးရွမ်ရီက နိုးလာပြီး သူကတိတ်ဆိတ်စွာ အိပ်ရာထလိုက်၍ အဝတ်စားဝတ်နေတယ်။

ဝူရုန်ကလည်းနိုးလာပြီး အိပ်ရာထလိုက်ပြီး"ဘယ်အချိန်ရှိပြီလဲ?"

"ငါးနာရီလောက်"ဟေးရွမ်ရီက အဝတ်စားဝတ်နေရင်း ပြန်ဖြေလိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီထွက်သွားတော့ တစ်ရေးပြန်အိပ်လိုက်ပြီးနောက်မှ အိပ်ရာထလိုက်တယ်။ဝူရုန်က ရှိယန်ကိုခေါ်၍ ကူညီစေပြီး အဝတ်အစားဝတ် မျက်နှာသစ်လိုက်တယ်။ဝူရုန်က ဟေးရွမ်ရီနှင့်အတူ မနက်စာစားဖို့ ခန်းမထဲကို လျှောက်လာခဲ့တယ်။

ဝူရုန်က ခန်းမထဲကို ရောက်လာသည့်အခါ နူမူသည်လည်း စားပွဲမှာထိုင်နေတာကို တွေ့လိုက်ရတယ်။နူမူက စုန်းတွေဝတ်ဆင်သည့် ထူထဲသည့်အဝတ်တွေကို ဝတ်ဆင်ထားတယ်။ကြည့်ရတာ ဒီဝတ်စုံကို ကောင်းမွန်သည့်ပိုးချည်ကို ရက်လုပ်ထားတာဖြစ်တယ်။သူက သားရိုင်းပုံတွေပါတဲ့ ငွေသရဖူကို ဝတ်ဆင်ထားတယ်။သူ့ရဲ့လည်ပင်းမှာ ကြီးမားဝိုင်းစက်နေသည့် ငွေကွင်းကိုဝတ်ဆင်ထားပြီး လက်ကောက်ဝတ်မှာလည်း ငွေလက်ကောက်တွေကို ဝတ်ဆင်ထားတယ်။သူ့မျက်နှာကိုလည်း မျက်နှာခြယ်ကို 

လိမ်းချယ်ထားပြီး သူ့ကိုကြည့်ရတာ အခမ်းအနားတက်ရောက်မယ့်ပုံဖြစ်နေတယ်။ဒါကြောင့်ဝူရုန်က အံ့အားသင့်သွားပြီး စိတ်ရှုပ်သွားတယ်။

COTAW(unicode)Where stories live. Discover now