Chapter(125)
ဒါကနင့်သားရဲ့အမှားဘဲဝူရုန်ကိုလေ့လာကြည့်လိုက်ပြီးသည့်နောက်မှာတော့မုရှူဝမ်သည် ဝူရုန်ကဂေါင်တုန်နဲ့ဆင်တာကိုသတိထားမိသွားပြီးသူ့ရဲ့သဘောထားကရုတ်တရက်ပြောင်းလဲသွားပြီးပြောလိုက်တယ်"နင်ကတကယ်ကိုပို ကြည့်လို့ကောင်းလာတာဘဲ။ဒါပေမဲ့အလှအပကစိတ်စွမ်းအင်ရှိတာလောက်ကောင်းတာမဟုတ်ဘူး။ငါအထင်တော့နင့်လိုစိတ်စွမ်းအင်မရှိတဲ့သူကဝနေတာပိုကောင်းတယ်"
တခြားလူတွေကသူတို့ရဲ့ပါးစပ်ကိုကာလိုက်ပြီးလှောင်ရယ်လိုက်ကြ တယ်။
ဝူရုန်ကသူတို့ကိုလျစ်လျူရှူထားလိုက်တယ်။
ဂေါင်တုန်နဲ့ဝူရှိကသူမကအကြီးတစ်ယောက်ဖြစ်တာကြောင့်ပြန်မ ပြောပေမဲ့လေးစားတဲ့အမူအရာတော့မပြတော့ဘူး။
"အမေ တကယ်လို့ကျွန်တော်တို့ကိုမကြိုဆိုရင်ကျွန်တော်တို့ကပြန်တော့မယ်"ဝူချွင်ချင်ရဲ့မျက်နှာကမဲမှောင်သွားပြီးလေးလံစွာပြောလိုက် တယ်။
သူ့အဖေကသူနဲ့သူ့မိသားစုကိုမကြိုက်ရုံသာမကသူ့အမေကလည်းသူတို့ကိုမကြိုက်ဘူး။သူကသူတို့ရဲ့ကလေးအရင်းလားဆိုတာတောင် သံသယဝင်လာပြီ။
ဒါကိုကြားတာနဲ့အခြားသူတွေကလျှင်မြန်စွာနဲ့လှောင်ရယ်နေကြတာကိုဖုန်းကွယ်ထားလိုက်ကြတယ်။
မုရှူဝမ်ကနှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်တယ်"ဒီနေ့ငါကနင်တို့ကိုခေါ်လိုက်တာကတောင်ဘက်ခြံဝင်းကိုပြန်လည်ပြင်ဆင်ဖို့အကြောင်းပြောဖို့ဘဲ။နင်တို့လည်းသိပါတယ်။ငါတို့ကမြောက်ဘက်ခြံဝင်းနဲ့တိုက်ခိုက် ပြီးနောက်ခြံဝင်းတွေကအများကြီးပျက်စီးသွားတယ်။ငါတို့ကအများကြီးထိခိုက်သွားတယ်။တစ်ချို့ဆိုရင်သေတောင်မှသေသွားတယ်။ငါတို့ကအများကြီးဆုံးရှုံးမှုတွေဖြစ်သွားတယ်။ငါတို့စီကိုဧည့်သည်တွေလာရင် တောင်သင့်တင့်လျောက်ပတ်တဲ့နေရာမရှိဘူး။ဒီအကြောင်းကိုအပြင် လူတွေသာသိသွားရင်ငါတို့ကိုရယ်လိမ့်မယ်။ဒါကြောင့်ငါတို့ကတောင် ဘက်ခြံဝင်းကိုလုံးဝပြန်လည်ပြင်ဆင်ဖိုလိုအပ်တယ်"