Unicode
348-349Chapter(348)
ဝိညာဉ်မုဆိုး(3)အခြားသောတံခါးတွေကိုလည်း ရှေးမှော်အက္ခရာတွေ အစီအရင်တွေ မှော်လက်နက်တွေကို အသုံးပြုပြီး ပိတ်ဆို့ထားတာဖြစ်တယ်။
အပြင်မှာတော့ မုန်တိုင်းက ပိုပိုပြီးပြင်းထန်လာပြီး ကြောက်စရာကောင်းနေတယ်။သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ နှင်းမုန်တိုင်းက ကျရောက်လာပြီး သစ်ပင်ကြီးတွေက ယိမ်းခါနေတယ်။
ဟေးရွမ်ထန်က ဟေးရွမ်ရီက ဝိညာဉ်မုဆိုးတွေကို တိုက်ခိုက်နိုင်ဖို့ စွမ်းအားတွေ မလုံလောက်မှာကို စိုးရိမ်နေတာကြောင့် သူက မျက်မှောင်ကြုတ်နေတယ်"ငါက ငါ့အကိုကြီးလိုမျိုး စွမ်းအားကြီးဖို့ ဆန္ဒရှိတယ်"
"မင်းက ဘယ်အဆင့်ကိုရောက်နေပြီလဲ?"ဝူရုန်က မေးလိုက်တယ်။
"အဆင့်ခုနှစ်"ဟေးရွမ်ထန်က ပိုပြီးတင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး"ငါတို့ကလန်ရဲ့လျှို့ဝှက်စွမ်းရည်အများစုက အဆင့်ကိုးရောက်မှသာလျှင် အသက်သွင်းနိုင်တယ်"
ဝူရှိနှင့်ဝူဇူက သူ့ကိုအထင်ကြီးစွာ ကြည့်လိုက်ကြတယ်။
"လူငယ်လေး မင်းက အသက်ငယ်ငယ်လေးနဲ့ အဆင့်ခုနှစ်ကိုရောက်နေပြီ။မင်းက မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်တာဘဲ။ငါ့ကို ကြည့်လိုက်။ငါက ဒီအသက်အရွယ်ကိုရောက်မှ အဆင့်ငါးဘဲရှိသေးတယ်"ဝူချွင်ချင်က သူ့ကိုနှစ်သိမ့်လိုက်ပြီး ပခုံးပုတ်ပေးလိုက်တယ်။
ဟေးရွမ်ထန်က သူတို့ကို မျက်နှာချိုသွေးလိုက်ပြီး"ငါ့အကိုကြီးက ပိုပြီးတောင် အစွမ်းထက်သေးတယ်"
"သူက ဘဟ်အဆင့်လဲ?"ဝူရှိက မေးလိုက်တယ်။
သူမက ဟေးရွမ်ရီက အဆင့်ရှစ်နှင့်အထက်လို့ခန့်မှန်းလိုက်တယ်။အဆင့်မြင့်ကျင့်ကြံသူကသာလျှင် ဝိညာဉ်မုဆိုးကို တစ်ယောက်ထဲတိုက်ခိုက်ဖို့ စွမ်းအားရှိလိမ့်မယ်။
"သူက အဆင့်ကိုး"
သိနေတဲ့သူတွေက ပြောင်းလဲခြင်းမရှိပေမဲ့ အခြားသူတွေ၏မျက်လုံးတွေကတော့ အံ့အားသင့်စွာ ပျူးကျယ်သွားတယ်။ဟေးရွမ်ရီက အဆင့်ကိုးကျင့်ကြံသူဖြစ်လိမ့်မယ်လို့ ထင်ကြပေမဲ့ သူတို့က ဒါကိုတကယ်ကြားလိုက်ရတဲ့အချိန်မှာတော့ အံ့သြသွားတယ်။