Unicode
ကောင်လေးတစ်ယောက် ကြောက်လန့်တကြားထွက်ပြေးနေတယ်။လူတစ်ယောက်ဆီက လွှတ်မြောက်ဖို့ မရရအောင် ထွက်ပြေးတယ်။သွားနေရင်း မီးရောင်တွေ့တာကြောင့် ပျော်သွားပေမယ့် အဲ့မီးရောင်နီးလာတာနဲ့အမျှ ကြောက်ရွံခြင်းတွေဖြစ်ပေါ်လာတယ်။သူထွက်ပြေးပြန်တယ်။မလွှတ်တော့ဘူးမှန်းသိနေပေမယ့် ထွက်ပြေးနေမိတယ်။အနောက်က လူကတော့ အေးစက်တဲ့မျက်နှာနဲ့ တစ်လှမ်းချင်းသူ့ဆီလာနေတယ်။ဟင့်အင်း ငါ သူ့ဆီပြန်မလိုက်ချင်ဘူး။ငါ ကြောက်တယ်။တွေးရင်း ပြေးနေတာမို့လို့ ချော်လဲသွားတော့တယ်။အနောက်လူက မကြာခင် သူ့အနားရောက်ကာ
"ဟက် ကျွန်တော့်ဆီက ဘာလို့ထွက်ပြေးတာလဲကိုကို လာခဲ့"
ဆိုကာ ထိုကောင်လေးကို ပွေ့ချီပြီး ကားဆီပြန်လာခဲ့တယ်။
"ရာဇဘုံမာန် ငါ့ကို လွှတ်ပေးပါတော့လား ငါမင်းဆီမှာ မနေချင်ဘူး"
ဟုတ်ပါတယ် သူကတော့ ရာဇဘုံမာန် အသက်ငယ်ပေမယ့် ရက်စက်တဲ့နေရာမှာ နှစ်ယောက််မရှိတဲ့ရာဇဘုံမာန်ပင်ဖြစ်တယ်။အခုလိုအခြေအနေတွေဖြစ်မယ်မှန်းသိရင် ကျွန်တော် သူ့ဆီ မသွားခဲ့ဘူး နောင်တရတယ်။
"ဟက် ဘယ်တော့မှ ကျွန်တော့်ဆီက လွတ်မယ်မထင်နဲ့"
ပြောပြီး ကားပေါ်ကို တက်ကာ ဝင်ထိုင်လိူက်ပြီး ရှောင်အာကို သူ့ကိုယ်ပေါ်ခွစေပြီး ဖက်ထားတယ်။သဲကြင်ယာ အခုလိုကြီး မနေချင်ပါ။
ကားက ရပ်သွားတာမို့လို့ သဲကြင်ယာ စိတ်တွေ ပြိုလဲရပြန်တယ်။ဒီအိမ်ကြီးဆီကို ပြန်လာရပြန်ပြီ။သူ ရာဇဘုံမာန်ကိုကြောက်တယ်။
"ရာဇဘုံမာန်"
"ကိုကိုအပြစ်တွေ များနေပြီနော်"
ရာဇဘုံမာန်က သဲကြင်ယာကိုပွေ့ချီကာ အိမ်ထဲဝင်သွားပြီး အခန်းထဲခေါ်သွားတော့တယ်။
"မောင် ငါ အဲ့အခန်းကြီး မကြိုက်ဘူး ဟင့်အင်း ငါ အဲ့အခန်းထဲ မဝင်ချင်ဘူး"
"ကိုကိုအပြစ်လုပ်ထားလို့လေ"
အဲ့အခန်းကတော့ သဲကြင်ယာထွက်ပြေးတိုင်း ရာဇဘုံမာန်က အပြစ်ပေးတဲ့နေရာပင်ဖြစ်တယ်။
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင် (Completed)
RomanceUni ဒါလေးက psycho ficပုံစံလေးပါနော်။အကြမ်းအရမ်းမကြိုက်ရင် အစထဲက ဝင်မကြည့်ဖို့ပြောပါရစေ။ကိုယ့်ရဲ့ ဒါဒါလေးတွေအတွက်ရေးပေးတာပါနော်။+အခန်းတွေပါမှာမို့လို့ မကြိုက်ရင် မဖတ်ကြပါနဲ့ ပြီးမှ ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် မပြောကြပါနဲ့ fic ကို ficလို့ပဲ သဘောထားပါ။ Za...