Part 13

2.2K 99 3
                                    

Unicode

ရာဇဘုံမာန်အခု ဂိုဏ်းအစည်းအဝေးလုပ်နေပေမယ့် စိတ်ကတော့ တောအုပ််အိမ်ထဲကသဲကြင်ယာကိုပဲ စိတ်ထဲရောက်နေလေတယ်....သူမရှိတုန်း ထွက်ပြေးသွားရင် ဆိုတဲ့အသိက ခေါင်းထဲ ရောက်ရောက်လာတာကြောင့် စိတ်မချရဲပေ....ကိုယ့်လက်ထဲက ပြေးလို့မလွတ်ပေမယ့် လွတ်သွားခဲ့ရင်ဆိုတဲ့အသိက ရာဇဘုံမာန်စိတ်ထဲ အကြောက်တရားကိုသွင်းပေးနေသလိုပင်....

ဘယ်အရာကို မှမကြောက်တဲ့ ဂိုဏ်းခေါင်းဆောင် ရာဇဘုံမာန်က သဲကြင်ယာ သူ့အနားက ထွက်သွားမှာကိုတော့သေလောက်အောင်ကြောက်ပေတယ်....

ဘာတွေနဲ့များ ပြုစားထားလို့ အခုလောက်ထိ မျက်ကွယ်မပြုနိုင်အောင် ချစ်နေရလဲဆိုတာ မစဥ်းစားတတ်တော့ပေ...

အခုတော့ အစည်းအဝေး လုပ်ရမယ်....ခွေးတွေ ဟောင်နေတော့ မဟောင်အောင် ရေနဲ့ဖြန်းပေးရမယ်....

"ကျိုးကျင့်..ပြောပါအုံး ဂိုဏ်းကိုရောက်လာတဲ့ကိစ္စ...."

"ငါတိူ့ စာချုပ်ပြန်ချုပ်ရအောင်...."

"ဟက် ငါ့ဘက်က သေချာလုပ်ပေးပါရဲနဲ့ သစ္စာဖောက်သွားတာကို နောက်တစ်ကြိမ် ဘယ်လိုယုံစားရမလဲ...."

ရာဇဘုံမာန်က ထိုင်ခုံကို ခြေချိတ်ထိုင်ကာ မျက်ခုံးပင့်ပြီး ပြောလိူက်လေတယ်....

"ဟုတ်ပြီ အဲ့ကိစ္စငါမှားတာ...အကျိုးအမြတ် ပိုပေးမယ်ဆိုရင်ရော..."

"No မြေကွက်ပေး..."

"ဘာ..."

"နားကန်းနေလား....လေလံပွဲမှာ ရသွားတဲ့ မြေကွက်ပေးရင် စာချုပ်ချုပ်မယ်..."

အဲ့မြေကွက်က လူအလိုချင်ဆုံးဖြစိတဲ့ မြေကွက်ဖြစ်တယ်...

ရာဇဘုံမာန်လေလံပွဲမတက်ဖြစ်လိုက်တာကြောင့် လိုချင်တဲ့မြေကွက် မရလိုက်ပေ....

အဲ့မြေကွက်ကို ကျိုးကျင့် ဝယ်သွားတယ်ဆိုတာသိတာကြောင့် အခုလို အခြေအနေမှာ တောင်းလိုက်ခြင်း အာ ဘယ်ဟုတ်မလဲ လဲလှယ်ခြင်း သဘောဆောင်လိုက်တာပေါ့...

ကျိုးကျင့်လဲ အရေးကြီး မြေကွက်ကိုမှ တောင်းနေတဲ့သူကြောင့်...

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now