Part 7

2.2K 122 3
                                    

Unicode

မိန့်မိန့် တစ်ယောက် ကျောင်းမှာ စိတ်ညစ်နေတယ်။ဘာလို့ဆို ဟိုနေ့က လမ်းမှာ လူတစ်ယောက်နဲ့တိုက််မိတာ အစက ယောက်ျားလေးလို့ထင်ပေမယ့် ပြီးမှ မိန်းကလေးမှန်းသိတယ်။သူလဲ တောင်းပန်စကားပြောတော့..အဲ့လူပြောလိုက်တဲ့စကားက..

"တောင်းပန်မစောပါနဲ့တဲ့....နောက်ကျထပ်တွေ့မယ်.."

ဆိုပြီး မိန့်မိန့်ခေါင်းလေးကို ပုတ်ကာ ထွက်သွားတော့တယ်။အဲ့နေ့ပြီးထဲက အဲ့လူနဲ့ ကျောင်းရှေ့မှာ ခဏခဏတွေ့နေရတာကြောင့် စိတ်ညစ်နေတာဖြစ်တယ်။
...............................................................................
"ဟေး...ရာဇဘုံမာန်..."

"အင်း ဘာလဲ..."

"အိုး..မတွေ့တာ ကြာပြီကို..."

"ပြောစရာရှိတာသာပြော..."

"ငါ..မင်းအပိုင်ရဲ့ ညီမကို ချစ်လို့ .."

ရာဇာပြောပြထားတာမို့လို့ ကျီရှန်းလဲ ရာဇဘုံမာန် ချစ်နေတဲ့သူကိုမြင်ဖူးချင်လှတယ်....ပြောတာတော့ စာသင်ပေးတဲ့ဆရာဆိုလားပဲ....

"ကိုကို့ညီမ မိန့်မိန့်လား..."

"အင်း .."

"အဲ့ဒါ မိန့်မိန့်ကို သွားပြောလေ..."

"အဲ့ကောင်မလေးက မာနကြီးတယ်...တော်ရုံနဲ့တော့ မရဘူး ဒီတိုင်းသွားပြောရင် ပါးရိုက်ခံရမှာ..."

"ဒါဆို မင်းတို့ မိန်းကလေးတွေက ပိုရင်းနှီးပါတယ် မိန်းကလေးလိုဝတ်ပြီး သူငယ်ချင်းလိုနေပြီးမှ အပိုင်သိမ်းကွာ..."

"ရာဇဘုံမာန် !!!ငါ့ကို မိန်းကလေးလို့ မပြောစမ်းနဲ့ကွာ..."

"အဲ့တော့ မင်းက ယောက်ျားလား..."

"ရာဇဘုံမာန်!!!"

"ငါက အကြံလဲပေးရသေး..လုပ်ချင်လုပ် မလုပ်ချင်နေ...အခုတော့ ပြန်တော့ ငါလုပ်စရာရှိလို့..."

"အေးပါ မင်းပြောထားပါ...တွေ့မယ်..."

ရာဇဘုံမာန်မှာ သူရဲ့ မိန်းမ မဟုတ် ယောက်ျားမဟုတ်တဲ့ သူငယ်ချင်းပြန်သွားမှ တောထဲက အိမ်ကြီးကို ကားနဲ့လာခဲ့တယ်။ဘာလို့ဆို ရှင်းစရာရှိလို့ပေါ့....

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now