Part 9

2.4K 137 9
                                    

Unicode

အခုဆိုရင် ရာဇဘုံမာန်ရဲ့ စာမေးပွဲက မနက်ဖြန်ဆိုရင် ရောက်ပြီဖြစ်တယ်...

ရာဇဘုံမာန်ကတော့ ပျော်နေတယ်...ဘာလို့ဆို သူမျှော်လင့်ထားတဲ့ နေ့လေး ရောက်လာတော့မယ်လေ...ဟက် အပိုင်သိမ်းရတော့မယ်...

သဲကြင်ယာကတော့ သူ့ရဲ့အန္တရယ်ကိုမသိစွာ ရာဇာ စာမေးပွဲပြီးရင် စာသင်တာကို ခဏရပ်ထားမယ်ဆိုပြီး...

"ရာဇာ..စာတွေရရဲ့လား...."

"ရတယ် ကိုကို..."

"အင်း အဆင်ပြေရင်ပြီးရော စာမေးပွဲပြီးရင် လူဆိုးလေးလုပ်မနေနဲ့တော့နော်..."

"ဟက်..."

ကိုကို့အပြောကြောင့် ရာဇာရယ်လိုက််မိတယ်...ကိုကိုကတော့လေ...စာမေးပွဲပြီးတာနဲ့ ကိုကို့ကိုအပိုင်သိမ်းမှာမိူ့လို့ ကျွန်တော်လူဆိုးလုပ်လဲ ကိုကိုက ဆုံးမပေးပေါ့ဗျာ...

"ကဲ စာလုပ်..."

ရာဇဘုံမာန်လဲ သိပ်အကြာခင် စာမေးပွဲပြီးတော့မှာကြောင့်..စာကိုသာ အာရုံစိုက်ထားလိုက်တယ်...

အဲ့နောက် သဲကြင်ယာလဲ စာကို သေချာလုပ်ပေးပြီး အိမ်ပြန်လာခဲ့တယ်...

ရာဇဘုံမာန်ကတော့

"ကိုကို့ကိုအိမ်ပြန်လွှတ်တာ သိပ်မကြာတော့ပါဘူး နောက်၃ရက်ဆို အိမ်ပြန်ရမှာမဟုတ်တော့ဘူး..ကျွန်တော့်ရင်ခွင်မှာပဲ တသက်လုံးနေသွားရတော့မှာ..."

စာမေးပွဲဖြေမည့်နေ့

"ရာဇာ စိတ်အေးအေးထားပြီးဖြေနော်..."

"ဟုတ်ကဲ့ပါဗျာ...."

ရာဇဘုံမာန်လဲ ကျောင်းထဲဝင်သွားလိုက်တော့တယ်..

သဲကြင်ယာကတော့ ရာဇာက သူပြန်ထွက််မလာချင်း ဒီမှာစောင့်နေပေးပါဆိုတာကြောင့် အအေးဆိုင်တစ်ဆိုင်မှာသာ စောင့်နေလိုက်တယ်...

၃နာရီကြာပြီးတော့ ကျောင်းသားတွေကိုယ်စီထွက်လာကြတယ်...

သဲကြင်ယာလဲ မတ်တပ်ရပ်ကာ လိုက်ရှာမိတယ်...ကျောင်းသားတွေကြားထဲ ဂလန့်ဂလားအရပ်ကြီးကြောင့် သိပ်မရှာလိုက်ရပါ...

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now