Part 2

3K 126 3
                                    

Unicode

"မေမေ သားသွားတော့မယ်နော်..."

"အေး ဂရုိစိုက်သွားအုံးနော်...."

"ညီမလေး ကိုကိုသွားပြီနော်.."

အခုပြောနေတဲ့သူကတော့ သဲကြင်ယာပင်ဖြစ်တယ်...ယောက်ျားလေးပေမယ့် အသားကဖြူလွန်းကာ မျက်နှာက မိန်းကလေးနဲ့တူနေတာကြောင့် သူ့ကိုလိုချင်နေတဲ့မိန်းကလေးတွေရော
ယောက်ျားလေးတွေရော အများအပြားရှိတယ်...သူကတော့ အမေနဲ့ညီမလေးရှိတာကြောင့် သူ့အလုပ်သာသူလုပ်တယ်...သူ့အလုပ်က ကျောင်းဆရာပေါ့..

"ကိုကို အခုသွားသင်မှာက သူဌေးအိမ်ဆို အဆင်ပြေပါ့မလား..ညီမလေးကြားတာက အဲ့သူဌေးသားက ဆိုးတယ်တဲ့...."

"ရပါတယ် ကုိကိုပဲ ကြည့်စီစဥ်လိုက်ပါ့မယ်..."

"ဟုတ်ကဲ့ပါ"

သဲကြင်ယာလဲ စာသင်ပေးရမယ့်အိမ်ကိုထွက်လာခဲ့တယ်။အိမ်ရှေ့ရောက်တော့ အိမ်ကိုကြည့်ပြီး မျက်လုံးပြူးနေတယ် အင်း..တော်တော်ချမ်းသာတာပဲ။

"လူလေး လာလေ သခင်လေးက အခန်းထဲမှာ စောင့်နေတယ်"

"ဟုတ်ကဲ့"

သဲကြင်ယာလဲ ဦးလေးကြီးတစ်ယောက်ပြတဲ့နောက်ကိုလိုက်သွားခဲ့တယ်။အခန်းတစ်ခန်းရှေ့ရောက်တော့

"လူလေး ဝင်သွားလိုက်နော်"

"ဟုတ်ကဲ့"

ဒေါက်ဒေါက်

"ဝင်ခဲ့"

အတွင်းထဲက သြရှရှအသံကြောင့် ကျောင်းသားရော ဟုတ်ရဲ့လားတွေးမိတယ်။

သဲကြင်ယာ ဝင်လာတော့ သူ့ကိုမျက်လုံးနက်ကြီးနဲ့ကြည့်နေတဲ့သူကြောင့် လန့်သွားမိတယ်။

"ကိုကို"

ရာဇဘုံမာန်ဆိုတဲ့သူကအသက်အရွယ်နဲ့မှမလိုက် psycho ဖြစ်နေတာဖြစ်တယ်။သူပိုင်တဲ့အရာတွေဆိုရင် သူတစ်ယောက်ကလွဲလို့ဘယ်သူမှမပိုင်ရဘူး ဘယ်သူမှမဆိုင်ရဘူး သူတစ်ယောက်ထဲကသာ ပိုင်ရမယ် ဆိုင်ရမယ်။

တစ်နေ့တော့ အပြင်ထွက်ရင်း သေးသေးကွေးကွေးလေးနဲ့ ကောင်လေးကိုမြင်ကတည်းက သူအဲ့ကောင်လေးကိုပိုင်ဆိုင်ချင်လာတယ်။ဟုတ်တယ် အဲ့ကောင်လေးက သူ့အပိုင်ပဲ။နောက်ပိုင်း အဲ့ကောင်လေးအကြာင်းစုံစမ်းကာ အဲ့ကောင်လေးက ကိုယ့်ထက် ၃နှစ်ကြီးပြီးတော့ ဂိုက်ဆရာတစ်ဦးဖြစ်တာကြောင့် သူ ကျောင်းပြန်တက်ကာ မိဘတွေကို အဲ့ကောင်လေးနဲ့စာသင်ပါ့မယ်ဆိုပြီး ပြောထားတာပင်ဖြစ်တယ်။အခုဆိုရင် ကိုကိုက သူ့အပိုင်နေရာကိုရောက်နေပြီ မကြာခင် ကိုကို့ကိုပါ အပိုင်သိမ်းတော့မှာ ဟက် ပြေးလို့မလွတ်စေရဘူး။

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now