ဇာတ်သိမ်းပိုင်း

2.7K 97 13
                                    

Unicode

၂လခန့်ကြာတဲ့အခါ...

"မောင်ရေ မပြီးသေးဘူးလား...."

"ပြီးပါပြီ ဗိုက်ဗုိက်ရယ်..."

အယ် ဒါနဲ့ ရာဇာက ဘယ်သူ့ကို ဗိုက်ဗိုက်လို့ခေါ်တာပါလိမ့်...

ရာဇာတို့ လက်ထပ်ပြီး သိပ်မကြာခင် သဲကြင်ယာမှာ ကိုယ်ဝန်ရှိလာခဲ့တယ်...အစကတော့ မယုံခဲ့ပေမယ့် ဆေးရုံကြီးမှာ စစ်ဆေးလိုက်တဲ့အခါ..တစ်ကယ်ကို ကိုယ်ဝန်ရှိနေတာကြောင့်် ရာဇာမှာပျော်ကာ အဲ့နေ့က မျက်ရည်တွေတောင်ကျခဲ့တယ်...

ရာဇာက အမှောင်ဂိုဏ်းကို ဖျက်သိမ်းပြီး ရိုးရိုးသားသား companyမှာသာ CEOအဖြစ်အလုပ်လုပ်နေတယိ...

မိန့်မိန့်နဲ့ အမေကိုတော့ ကျီရှန်းက တရုတ်ကိုခေါ်သွားတော့တယ်...

သဲငယ်က အဲ့နေ့က တအားငိုတာကြောင့် ရာဇာမှာ မနည်းချော့ယူလိုက်ရတယ်..

အခုတော့ ဗိုက်ဗိုက်လေးက ရာဇာကို တစ်ခုတစ်မျိုး မရိုးရအောင် ခိုင်းနေတော့တယ်...

"မောင်ရေ.."

"ဗျာ လာပါပြီ.."

"ငါ spicy စားချင််တယ်..."

"သဲငယ်ကလဲ မရဘူးလေကွာ...ဗိုက်ထဲမှာ ကလေးလေးနဲ့လေ...မတည့်ဘူးလေ..."

"ငါ စားချင်လို့ပါ..."

"မရဘူး..."

"ဟင့်...ငါကစားချင်တာမဟုတ်ဘူး...မင်းကလေးက စားချင်နေတာ..."

ရာဇာ ရယ်လိုက်ပါတယ်...နှုတ်ခမ်းကိုစူကာ ပြောနေတဲ့ သူလေးကြောင့်...အသည်းယားနေမိတယ်...

"ဟုတ်ပါတယ် မောင့်ရဲ့ကလေးက စားချင်တာပါ....ဒါမဲ့ တအားကြီး အစပ်မရဘူးနော်..."

"ပိစိလေးတော့ ထည့်ပေးပါနော်..."

"ဟုတ်ပါပြီ..."

အဲ့နောက် ရာဇာမှာ တပည့်တွေကို spicyတွေဝယ်ခိုင်းပြီး သူကိုယ်တိုင် လုပ်ပေးလေတယ်...ဆိုင်ကမှာရင် အစပ်တွေများမှာစိုးတာကြောင့် သူကိုယ်တိုင် ချက်ပြုတ်ပေးနေလေတယ်...

"ကဲ ရပါပြီဗျာ..."

"ဝါး မွှေးနေတာပဲ...."

"စား...ဒါကနွားနို့ စပ်ရင်သောက်ရအောင်လို့...."

You've reached the end of published parts.

⏰ Last updated: Aug 24, 2023 ⏰

Add this story to your Library to get notified about new parts!

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now