Part 3

2.6K 147 2
                                    

Unicode

သဲကြင်ယာ အိမ်ပြန်ရောက်တော့ ညီမလေး မိန့်မိန့်က အိမ်ရှေ့မှာ ထွက်စောင့်နေတယ်။

"မိန့်မိန့် ဘာလို့စောင့်နေတာလဲ.."

"ကိုကိုကလဲ ညီမလေးက ကိုကိုပြန်မလာသေးလို့ပါ.."

"နောက်ခါ မစောင့်နဲ့နော် လာ အိမ်ထဲဝင်မယ်.."

ညနေစောင်းမို့လို့ သဲကြင်ယာ တို့မိသားစု ပြတင်းပေါက်နား ထမင်းစားကာ ရယ်မောနေကြတယ်။မချမ်းသာပေမယ့် သဲကြင်ယာ တို့ကတော့ ပျော်ပျော်ရွှင်ရွှင်နေကြတယ်။

သဲကြင်ယာ ရဲ့ညီမလေးက ခုဆို ၁၀တန်းတက်နေတာဖြစ်တယ်။စာလဲလိုက်နိုင်ကာ သဲကြင်ယာ ကလဲ အားရင် စာပြပေးတာမို့လို့ ကျောင်းမှာ မိန့်မိန့်က အဆင့်၁ကနေမဆင်းပေ။အေးအေးဆေးဆေးလေးနေတတ်တဲ့သူမို့လို့ သဲကြင်ယာ မှာ မတော်တရော်တွေနဲ့တွေ့မှာလဲ ကြောက်ရတယ်။ညီမလေးကို တစ်ကယ်ချစ်တဲ့သူနဲ့တွေ့ရင်တော့ အဆင်ပြေတာပေါ့။

"မိန့်မိန့် ကျောင်းမှာ ရည်းစားတွေဘာတွေရနေပြီလား"

"ဟာ ကိုကိုကလဲ ဘာတွေမေး ညီမလေးက ခုရွယ်ထားစရာလား.."

"ကိုကို့ညီမလေးက အဲ့လိုမဟုတ်မှန်းသိပါတယ် ဒါမဲ့ အရွယ်ရောက်တဲ့အခါ အတတ်ဆန်းတွေတတ်မှာစိုးလို့ပါ.."

"ဟွန့် ကိုကိုကလဲ ညီမလေးက အဲ့လိုမဟုတ်ပါဘူးနော် ကိုကိုသာ ဂရုစိုက်..ကိုကို့လို အလှလေးကို သိမ်းချင်တဲ့သူတွေက များနေတာ.."

"ဒီကလေး ဘာတွေပြော..."

"ဟီး ကဲပါ ကိုကိုရယ် ညီမလေးအိပ်တော့မယ်.."

"အင်း စောစောအိပ်..."

မိန့်မိန့်ထွက်သွားတော့မှ သဲကြင်ယာ ပြန်စဥ်းစားလိုက်တယ်။သူတို့က မချမ်းသာပေမယ့် အေးအေးဆေးဆေးနေနိုင်ပါတယ်။နဂို အဖေရှိတုန်းကဆို အဖေက ပိုက်ဆံကိုသာရှာတာကြောင့် ချမ်းချမ်းသာသာနေခဲ့ရသေးတယ်။သိပ်မကြာပါဘူး အဖေ ကားအက်ဆီးဒင့်ကြောင့် ဆုံးတော့ မိသားစုတာဝန်တွေက သဲကြင်ယာ အပေါ်ကိုပဲ ပြုံကျလာခဲ့တယ်။အဲ့တုန်းက ရှောင်အာက 18နှစ်ပဲရှိသေး။ကျောင်းတက်ကာ အလုပ်လုပ်ရတယ်။ကျောင်းပြီးတော့ ကျောင်းဆရာဝင်လုပ်ကာ အခုလို အေးဆေးနေနိုင်တာဖြစ်တယ်။
...........................................................................................
ရာဇဘုံမာန် တစ်ယောက် အိပ်မရပါ။အခုပဲဖြစ်ဖြစ် ကိုကို့ကိုအပိုင်သိမ်းပြစ်ချင်နေပြီ ဘယ်လိုလုပ်ရမလဲ ကိုကိုရယ် ခင်ဗျားလေးကို ဒီကကောင်ကြီးက စွဲစွဲလမ်းလမ်းကိုချစ်မိနေပြီ အဲ့ဒါကို ခင်ဗျားလေးက မသိချင်ယောင်တော့မဆောင်ပါနဲ့ ဒီကောင့်နှစ်လုံးသားက အဲ့လောက် အကြမ်းမခံဘူး။ခင်ဗျားလေးက လှရက်လွန်းနေတော့ ဒီကကောင်ကြီး ချစ်မိတာမမှားဘူးမလား..သိပ်မလှပါနဲ့ခင်ဗျားရယ် အချိန်မတိုင်ခင် အပိုင်သိမ်းမိတော့မယ် ဟူး။

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now