Unicode
ရာဇဘုံမာန်နဲ့ သဲကြင်ယာတို့ကတော့ နေ့တိုင်း တွေ့နေကြပေမယ့် သဲကြင်ယာကတော့ ရာဇဘုံမာန်ကို စကားမပြောတော့ချေ..ရာဇဘုံမာန်ကလဲ သူ့ကိုစကားပြန်မပြောတာကြောင့် တစ်ခါတစ်လေ ဒေါသထွက်ကာ ပစ္စည်းတွေရိုက်ခွဲပြီး စကားပြောအောင်လုပ်စမြဲပင်ဖြစ်တယ်...
"သဲငယ်...သဲငယ်..."
အခုလဲ ရာဇဘုံမာန်ခေါ်နေပေမယ့် သဲကြင်ယာတို့ကတော့ ပြန်မပြောပေ..
"သဲငယ်..မောင်ခေါ်နေတယ်လေ..."
"ပြော ဘာကိစ္စလဲ..."
"မောင်က ကိစ္စရှိမှခေါ်ရမှာလား..."
"....."
"ကျစ် သဲငယ် မောင်ဒေါသထိန်းနေရတယ်နော်..."
ဝုန်း
ပြောကာ ခုန်ကိုကန်ပြီး အပေါ်တက်သွားတော့တယ်...
သဲကြင်ယာကတော့ ခေါင်းခါကာ ထိုင်နေဆဲပင်ဖြစ်တယ်....
သဲကြင်ယာမသိတာက သူ အဲ့လိုလုပ်လေလေ ရာဇဘုံမာန်ရဲ့ Psychoက ပိုဆိုးလာလေဖြစ်နေတော့တယ်...
ခွမ်း ဒုန်း...
"ဟား သဲငယ်က ငါ့အပိုင်...ဟက် သဲငယ် မောင့်လက်ထဲက မင်းပြေးလို့မရစေရဘူး..တသက်လုံး မောင့်ဆီမှာပဲနေရတော့မှာ..."
အောက်ထပ်က သဲကြင်ယာက အပေါ်က ဒုန်းဆိုင်း အသံတွေကြောင့် အပေါ်ကို အမြန်တက်လာခဲ့တယ်...
အပေါ်ထပ် အခန်းထဲရောက်တော့ တံခါးဖွင့်လိုက်တဲ့အခါ.....
မျက်လုံးတွေက တောင်ကြည့်မြောက်ကြည့်နဲ့ လက်ထဲမှာလဲ ဓားနဲ့ကို မြင်လိုက်ရတာမို့လိူ့ သဲကြင်ယာ မျက်လုံးပြူးသွားကာ..
"ရာဇဘုံမာန် မင်း ဘာတွေလုပ်နေတာလဲ...."
သဲကြင်ယာ အမြန်ပင် ပြေးသွားပြီး လက်ထဲက ဓားကို ဆွဲလုကာ အဝေးကိုပစ်လိုက်လေတယ်...
အဲ့အခါ ရာဇဘုံမာန်က သဲကြင်ယာလက်ကိုဆွဲပြီး အတင်းဖက်ထားလေတော့တယ်....
"မင်းက မောင့်အပိုင်...ဟီး သဲငယ်က မောင့်အပိုင်မလားဟင်..."
ရယ်ကာ ပြောနေတဲ့သူကြောင့် သဲကြင်ယာ အထူးအဆန်းဖြစ်နေရတယ်..
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင် (Completed)
RomanceUni ဒါလေးက psycho ficပုံစံလေးပါနော်။အကြမ်းအရမ်းမကြိုက်ရင် အစထဲက ဝင်မကြည့်ဖို့ပြောပါရစေ။ကိုယ့်ရဲ့ ဒါဒါလေးတွေအတွက်ရေးပေးတာပါနော်။+အခန်းတွေပါမှာမို့လို့ မကြိုက်ရင် မဖတ်ကြပါနဲ့ ပြီးမှ ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် မပြောကြပါနဲ့ fic ကို ficလို့ပဲ သဘောထားပါ။ Za...