Part 11

2.4K 103 1
                                    

Unicode

မနက်ပိုင်း ရာဇဘုံမာန်နိုးလာခဲ့တယ်... နိုးလာချင်း ဘေးနားမှာ အိပ်နေတဲ့ သဲငယ်ကြောင့် ပြုံးလိုက်ကာ သဲငယ် ပါးလေးကို နမ်းလိုက်တယ်...

"ချစ်လိုက်တာ ကိုကိုရာ..."

"မွ အိပ်အုံးနော်...မောင် ကိုကို့အတွက် စွတ်ပြုတ်လုပ်ပေးမယ်..."

ပြောကာ ရာဇဘုံမာန်က ထလာပြီး မျက်နှာသစ် သွားတိုက်ကာ .အောက်ထပ်ဆင်းလာခဲ့တယ်...

"ကိုကို့အတွက် ကြက်စွတ်ပြုတ်လေး..."

ဆိုပြီး သူ့ဘာသာသေချာ ပြင်ဆင်လို့နေတယ်...

အပေါ်က သဲကြင်ယာကတော့ နိုးလာချင်း အောက်ပိုင်းက နာကျင်မှုကြောင့် မျက််မှောင့်ကြုံ့သွားတယ်...

"သေနာကောင်..."

သဲကြင်ယာ မကျေမနပ်ဖြစ်ကာ ခေါင်းအုံးကို ထုရိုက်နေလေတယ်....

"ကိုကိုကလဲဗျာ...ခေါင်းအုံးကိုရိုက်နေရလား..."

ရာဇဘုံမာန်ကိုတွေ့တော့ သဲကြင်ယာ နှာတစ်ချက််မှုတ်ကာ ဟိုဘက်လှည့်သွားတော့တယ်...

ရာဇဘုံမာန်ကတော့ ကြည့်ရင်း ပြုံးလို့သာနေတယ်...

တစ်ကယ် သူ့ကိုကိုက ကလေးပေါက်စလေးကျနေတာပဲ...

"ဒီမှာ ကိုကို့အတွက် ကြက်စွတ်ပြုတ်လေးလုပ်လာတယ်...."

"မသောက်ဘူး ..."

"လာပါဗျာ..."

ဆိုပြီး အတင်းဆွဲကာ ပါးစပ်ထဲ အတင်းခွံလေတယ်...

"မင်းငါ့ကိုအသေသတ်နေတာလား..."

"ဟော မောင်က ချစ်လို့တောင်မဝသေးတာကို ခင်ဗျားလေးကို အသေသတ်စရာလား..."

ရာဇဘုံမာန် အပြောကြောင့် သဲကြင်ယာ မျက်စောင်းသာထိုးလိုက်တယ်...

အား ဒီကိုကိုကတော့ ကိုက်စားချင်အောင်တအားလုပ်တာပဲ....

စိတ်ထဲတွေးနေရင်းမှာပင် သဲကြင်ယာရဲ့ပါးကို ရာဇဘုံမာန်တစ်ယောက် ကိုက်ပြီးချေပြီ...

"အား...နာတယ်..ဘာလို့ကိုက်တာလဲ..."

"အသည်းယားလို့ပါဗျာ .."

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now