Part 6

2.2K 105 5
                                    

Unicode

နောက်တစ်နေ့မနက်

သဲကြင်ယာ မနက်နိုးလာခဲ့တယ်။နိုးလာတော့ မိန်မိန့်က ကျောင်းသွားဖို့တောင်ပြင်ဆင်နေပြီ....

"မိန့်မိန့် ကိုကိုလိုက်ပို့ရမလား..."

"ကိုကိုသာ ဂရုစိုက်သွားပါ...ညီမလေးက ရတယ်..."

"ဒါဆို သွားတော့လေ.."

မိန့်မိန့်ထွက်သွားမှ သဲကြင်ယာလဲ ရေချိုး သွားတိုက်ကာ ပြင်ဆင်ရတော့တယ်။ပြင်ဆင်ပြီးတော့ ထမင်းနဲ့ တို့ဖူးသုတ်နဲ့ စားပြီး ရာဇာတို့အိမ်ကိုထွက်လာခဲ့တယ်။

လာနေရင်း လမ်းမှာ...

"ဟိတ်...သဲကြင်ယာပါလား..."

သဲကြင်ယာ မျက်နှာ မဲ့ပြစ်လိုက်တယ်။လမ်းနားက လူတွေက လိုက်နှောက်ယှက်ဖို့ပဲသိတယ်။

"အရှေ့က ဖယ်စမ်းပါ..."

"အစွာလေးပါလား..."

အမူးသမား၂ယောက်က သဲကြင်ယာရဲ့လက်ကို ဆွဲလိုက်တာကြောင့် လက်ဆစ် နဲနဲလွဲသွားသလိုပင်။သဲကြင်ယာက နဂိုထဲက အသားကဖြူပြီး ပိန်ပိန်သေးသေးလေးမို့လို့ အမူးသမားတွေရဲ့ ကြမ်းရှရှလက်တွေနဲ့ယှဥ်ရင် အများကြီး နုဖတ်နေတယ်။

သဲကြင်ယာ လဲ အမူးသမား၂ယောက်ကို အရက်ဖိုးပေးကာ လှည့်ထွက်လာခဲ့တယ်။လက်ကတော့ ဆွဲလိုက်တာကြောင့် အညိုရောင်ထကာ နာနေတယ်။

"ဟူး နောက်ခါ ဒီလမ်းက မလာတော့ဘူး..."

သဲကြင်ယာလဲ တွေးမနေပဲ ရာဇာဆီကိုပဲ လာခဲ့လိုက်တယ်။

ရာဇာ အရင်အတိုင်းပဲ ကိုကိုလာခါနီး အိပ်ရာထ ရေချိုးကာ စာထိုင်လုပ်နေလိုက်တယ်။ခဏနေတော့ တံခါးခေါက်သံနဲ့အတူ ကိုကိုဝင်လာတယ်။ကိုကို့ ကိုယ်သင်းနံ့လေးက မွှေးလိုက်တာ..

"ရာဇာ စောင့်နေတာကြာပြီလား.."

"မကြာသေးဘူး ကိုကို..."

"အော်...ဒါနဲ့ မနေ့က ဆရာ့ အပေါ်ထပ်ဝတ် ကျန်ခဲ့သေးလား..."

"မကျန်ခဲ့ပါဘူး..."

ဗီရိုထဲက သဲကြင်ယာရဲ့ အနွေးအက်ျီက လှောင်ရယ်ပြနေတယ်။

"ဒါဆို အိမ်မှာပဲ အထားမှားတာလားမသိဘူး..ထားလိုက်ပါတော့..."

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now