Part 19

1.8K 72 0
                                    

Unicode

သဲကြင်ယာ အခန်းနားရောက်တော့...

"ကိုကို..."

"အယ်  မိန့်မိန့် ဘာဖြစ်လို့လဲ..."

"ဒီမှာ ကိုကို့အတွက် လက်ဆောင် ခဲအိုကို ဝတ်ပြလိုက်နော်..."

"အမ် ဘာကြီးလဲ..."

"ကဲပါ သွားတော့..."

မိန့်မိန့်ကတော့ အထုတ်ပေးကာ ဂါဝန်ကြီးကိုမပြီးပွဲထဲထွက်သွားတော့တယ်...

သဲကြင်ယာလဲ အခန်းထဲရောက်တော့ အထုပ်ကိုဖွင့်ကြည့်လိုက်လေတယ်..

"အမ်...ဘယ်လိုအက်ျီကြီးလဲ..."

သဲကြင်ယာလဲ ဘယ်သူမှမရှိတာမို့လို့ ဝတ်ကြည့်လိုက်လေတယ်...

ပြီးတော့ မှန်ထဲကိုယ့်ဘာသာကြည့်နေတုန်း...တံခါးဖွင့်သံကြောင့် လန့်သွားမိတယ်...

ရာဇာတစ်ယောက် အခန်းထဲဝင်ဝင်ချင်း မျက်လုံး ပြူးသွားလေတယ်...

"သဲ..သဲငယ်..."

အက်ျီပန်းရောင်လေးနဲ့ လှချင်းတိုင်းလှနေတဲ့ သဲငယ်ကြောင့် ရာဇာ မျက်လုံးတွေ မှောင်မိုက်ကုန်လေတယ်...အက်ျီက ပေါင်ထိပဲဖုံးတာကြောင့် ပေါင်သွယ်သွယ်လေးတွေနဲ့ ခြေထောက်ဖြူဖြူလေးတွေက ရာဇာစိတ်ရိုင်းကို နှိုးဆွနေသလိုပင်

"ဟို...."

သဲကြင်ယာ အမြန်ပင် အဝတ်အစားလဲဖို့ ရေချိုးခန်းထဲ သွားမလို့ရှိသေး...

"ရာ..ရာဇာ..."

အနောက်ကနေ ခါးကိုဖက်လိုက်လေတယ်...

"သဲငယ် အရမ်းလှနေတယ်ကွာ...မောင့်ကို စိတ်မထိန်းနိုင်အောင် လုပ်နေတာပဲ...."

"ရာဇာ...လွှတ်ပေးပါအုံး..."

"သဲငယ်ကို အရမ်းဆွဲဆောင့်ပစ်ချင်နေပြီသိလား..."

(ဟဲ့ ဖြည်းဖြည်း😂)

"ရာဇာ...အင့်...."

"မရတော့ဘူး သဲငယ်က မောင့်အပိုင်....မောင့်ကိုခွင့်ပြုပါနော်..."

သဲကြင်ယာလဲ ခွင့်ပြုပေမယ့် သူချစ်ကြောင်းပြောရအုံးမယ်လေ...

"ခဏလေး.."

"သဲငယ်ရာ ဘာဖြစ်လို့လဲ..."

"ငါ ပြောစရာရှိတယ်..."

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now