Unicode
မနက်စာ စားတဲ့ အချိန်မှာ...သဲကြင်ယာတစ်ယောက် မျက်နှာကို အောက်ငုံ့ပြီးသာစားနေလေတော့တယ်...
"သဲငယ်...အပြင်သွားချင်လား..."
အပြင်ဆိုတဲ့ အသံကြားတာကြောင့် သဲကြင်ယာ မော့ကြည့်မိတယ်...
"တစ်ကယ်သွားလို့ရတာလား..."
"အင်း မောင်လိုက်ပို့ပေးမယ်...သဲငယ် အမေနဲ့ညီမနဲ့ကို တွေ့ချင်တွေ့ပေါ့..ဒါပေမယ့် တွေ့ပြီးရင် မောင်နဲ့ ဒီကိုပြန်လိုက်ခဲ့ရမယ်....."
"အင်း ရတယ်..."
"ဒါဆို မနက်စာစားပြီး သွားမယ်.."
သဲကြင်ယာကတော့ အပြင်ထွက်ရမှာမိူ့လို့ ပျော်နေမိတယ်...သူ့အမေနဲ့ညီမလေးကို ပြန်တွေ့ရတော့မယ်ဆိုပြီးပေါ့...
"သဲငယ်...သဲကြင်ယာဆိုတဲ့ နာမည်ကို ဘယ်သူပေးတာလဲ..."
"အဘွားပေးတာလိူ့တော့ ပြောတာပဲ...မွေးတုန်းက မိန်းကလေးထင်လို့ အဲ့နာမည်ပေးလိုက်တာတဲ့ ပြီးမှယောက်ျားလေးဆိုတော့လဲ အဘွား က သဲကြင်ယာဆိုတဲ့နာမည်ပဲထားလိုက်တော့ဆိုပြီး အဲ့နာမည်ဖြစ်လာတာပဲ.."
"အော် လှပါတယ် သဲငယ်နဲ့ လိုက်တယ်..."
သဲကြင်ယာက မျက်လုံးလှန်ကြည့်ပြီး ဘာမှမပြောပေ...
"ရာဇာ.."
"ဗျာ..ပြောလေ သဲငယ်..."
"မင်း ငါ့ကို တစ်ကယ်ချစ်တာလား..."
"ဘယ်လိုတောင်မေးလိုက်တာလဲ ချစ်လို့ အခုလိုမျိုး ဖမ်းထားရတာပေါ့..."
သဲကြင်ယာ ဘာမှဆက်မမေးတော့ပေမယ့် ရာဇာကတော့...
"သဲငယ် အိမ်မရောက်ခင်ကတည်းက လမ်းမှာတွေ့ပြီး ချစ်လို့ အိမ်ကို ရောက်အောင် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ခဲ့ရတာ...၁နှစ်ဆိုတဲ့ အတောအတွင်း သဲငယ်ကို အမြဲလိုက်ကြည့်နေရတာ ကျောင်းတက်နေတုန်းမို့လို့ ဒီတိုင်းလွှတ်ထားခဲ့ရပေမယ့် ကျောင်းပြီးတော့ ဆက်လွှတ်ထားရင် မောင်မဟုတ်တဲ့သူက သဲငယ်ကို ယူသွားမှာ အဲ့ဒါကြောင့်ပဲ ကျောင်းပြီးပြီးချင်း ဖမ်းခေါ်ခဲ့ရတာ..."
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင် (Completed)
RomanceUni ဒါလေးက psycho ficပုံစံလေးပါနော်။အကြမ်းအရမ်းမကြိုက်ရင် အစထဲက ဝင်မကြည့်ဖို့ပြောပါရစေ။ကိုယ့်ရဲ့ ဒါဒါလေးတွေအတွက်ရေးပေးတာပါနော်။+အခန်းတွေပါမှာမို့လို့ မကြိုက်ရင် မဖတ်ကြပါနဲ့ ပြီးမှ ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် မပြောကြပါနဲ့ fic ကို ficလို့ပဲ သဘောထားပါ။ Za...