Part 4

2.4K 134 3
                                    

Unicode


ရာဇဘုံမာန်တစ်ယောက် မျက်လုံးအနေအထားကို ချက်ချင်းပြင်လိုက်တယ်။ကျစ် ခင်ဗျားရယ် ဒီကောင့်ကို အရူးရင့်အောင်လုပ်နေပြန်ပြီ။

"ရာဇာ ဘာစာလုပ်နေတာလဲ.."

"အော် ကျွန်တော် မနေ့က စာတွေပြန်တွက်ကြည့်နေတာ.."

"အော် ဟုတ်ပြီ နားမလည်တာရှိလား.."

"မရှိပါဘူး.."

"အင်း အခုမှ အစပဲရှိသေးတာမို့လို့ စာကိုသေချာလုပ်ထားနော် နောက်ပိုင်းကျရင် အေးဆေးပဲဖြစ်နေမှာ.."

"ကိုကို ၁၀တန်းတုန်းကရော ကျွန်တော့်လိုပဲလား.."

"မဟုတ်ပါဘူး ဆရာ ၁၀တန်းတုန်းကဆို အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတာ.."

"အော်..."

"ဆရာမှာ ညီမလေးရှိတော့ သူ့ကျောင်းဖိုးပါ ဆရာက တာဝန်ယူရတာဆိုတော့ အလုပ်လုပ်လို့ရတဲ့ပိုက်ဆံကို သူ့ကျောင်းစရိတ်အတွက်သုံးပြီး နောက်အချိန်ပိုင်းလုပ်တဲ့ ပိုက်ဆံကိုတော့ ဆရာ့ကျောင်းစရိတ်နဲ့အိမ်စရိတ်ဖိုးသုံးတာပေါ့.."

"ကိုကိုပင်ပန်းခဲ့မှာပဲနော်.."

"ဒီလိုပါပဲ.. ကဲ စာလုပ်မယ်.."

"ဟုတ်.."

စိတ်ချပါကိုကို ကျွန်တော့်ဆီရောက်ရင် ကိုကို့ကို ကျွန်တော်က ကောင်းကောင်းမွန်မွန်ထားမှာ..

အဲ့နောက် စာတွေပြပြီး နေ့ခင်းလောက်ကျတော့

"ကိုကို စာသင်လို့ပြီးပြီလား.."

"အင်းပြီးပြီ အရမ်းကြီးစာလုပ်တဲ့အခါ စာတွေမမှတ်မိမှာစိူးလို့ နဲနဲချင်းဆီလုပ်ကြတာပေါ့.."

"ဒါဆို ကျွန်တော်နဲ့ အပြင်သွားရအောင်.."

"အမ် ဘယ်ကို.."

"လျှောက်သွားကြမယ်လေ..နော်လို့.."

"အင်းပါ သွားလေ.."

ရာဇဘုံမာန်လဲ ကိုကိုရဲ့ ခွင့်ပြုချက်ရတာနဲ့ ဆိုင်ကယ်နဲ့အပြင်ထွက်လာခဲ့တယ်။

"ရာဇာ..ဖြည်း..ဖြည်းဖြည်း မောင်းပါ.."

"ကိုကို ကြောက်လို့လား.."

ကိုကိုက ကျွန်တော့်အပိုင် (Completed)Onde as histórias ganham vida. Descobre agora