အပိုင်း (၁၇၇၂) - လျောင်ချန်မြို့တော်

720 109 0
                                    

Zawgyi


ငါးရက်ကြာပြီးနောက် မုရုန်ဟွေ့သည် ရှီမာယူယူနှင့် ရှောင်မိသားစုများ ကိုခေါ်ပြီး လျောင်ချန်မြို့တော်သို့ ပြန်သည်။

လျောင်ချန်မြို့သည် လျောင်ချန်ပြည်နယ်၏မြို့တော်ဖြစ်ပြီး ဒေသတစ်ခု လုံး၏ နိုင်ငံရေးဗဟိုချက်ဖြစ်ရာ ကမ္ဘာမြေပေါ်မှ မြို့တော်နှင့်တူသည်။

လျောင်ချန်မြို့တော်သည် အလွန်ပင် ကြီးမားသည်။ နယ်စားအိမ်တော် အပါအဝင် မိသားစုများ အများအပြားရှိသည်။ ရှောင်မျိုးနွယ်သည် ထိုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

ရက်ပေါင်းများစွာ ခရီးနှင်လာပြီးနောက် အားလုံး ပင်ပန်းလာကြသည်။ ရှောင်ရော့ပိုင်နှင့် ရှီမာယူယူတို့သည် အချိန်းအချက် ပြုလုပ်ပြီးနောက် လမ်းခွဲ လိုက်ကာ သူတို့၏ သက်ဆိုင်ရာ အိမ်သို့ ပြန်လာလိုက်ကြသည်။

မုရုန်ဟွေ့သည် ရှီမာယူယူကို နယ်စားအိမ်တော်သို့ ပြန်ခေါ်လာသည်။ ဝင်ပေါက်တွင် တံခါးပေါက်မရှိသည်ကို သူမြင်သောအခါ ဒေါသအပြင်းအထန် ထွက်လေသည်။

"ဒီဝင်ပေါက်ကို ဘယ်သူလုပ်တာလဲ" သူသည် ဒေါသကိုချုပ်တည်းကာ မေးလိုက်သည်။

တံခါးကိုစောင့်ကြပ်သော အစောင့်များသည် မုရုန်ဟွေ့ကို မြင်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကြသည်။ လူအများသည် တံခါးဂိတ်ဝ ဆီသို့ ပြေးလာပြီး ဒူးထောက်ကြသည်။

"မြို့ဝန်ကိုပြန်ဖြေပါတယ် ဒီတံခါးဂိတ်ဝကို စစ်သူကြီးဒိက ဖျက်လိုက် တာပါ" ဒုဘဏ္ဍာထိန်းသည် ဒူးထောက်ရင်းနှင့် ပြန်ဖြေသည်။

"စစ်သူကြီးဒိဟုတ်လား" မုရုန်ဟွေ့ မျက်မှောင်ကြုတ်သည် "သူ ဖျက်လိုက်တာကို မင်းတို့က ဘာလို့ အသစ်ပြန်မဆောက်တာလဲ"

"ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ဆောက်ပြီးပါပြီ ဒါပေမဲ့ ထပ်ပြီး ဖြိုချခံလိုက်ရပါတယ်"

"ဘာလို့လဲ ဘာတွေဖြစ်ခဲ့တာလဲ"

"ဒီမတိုင်ခင်မှာ သခင်မိုယွိနဲ့ စစ်သူကြီးဒိတို့ရောက်လာပါတယ် သခင်မိုယွိက နယ်စားအိမ်တော်မှာ လာနေတယ် သူတို့နှစ်ယောက် ကြည့်ရတာ ထူးဆန်းနေတယ် စစ်သူကြီးဒိလည်း နယ်စားအိမ်တော်ကို မကြာခဏလာ တတ်ပြီး ဒေါသထွက်လေ့ရှိတယ် နောက်တော့ သခင်မိုယွိက တံခါးပိတ် လိုက်တယ် စစ်သူကြီးဒိလာတဲ့အချိန်တိုင်း သူ တံခါးကိုဖျက်ဆီးတော့တာပဲ အဲလိုတွေ ထပ်ခါထပ်ခါဖြစ်လာတော့ သခင်မိုယွိက တံခါးကိုမပြင်နိုင်တော့ဘူး လို့ပြောပြီး ထွက်သွားတာပဲ နောက်တော့ သခင်မိုယွိလည်းထွက်သွားတာပါ သူ ပြန်သွားတုန်းက ဘာမှပြောမသွားဘူး အဲဒါကြောင့်..."

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) book-10Where stories live. Discover now