အပိုင်း (၁၈၉၅) - အမှန်တရား ၂

603 91 0
                                    

Zawgyi


ယွိခဲ့လော့သာ သူမ ဆုံးဖြတ်ချက်နဲ့သူမ ထွက်သွားခဲ့တယ်ဆိုရင် အိမ်ကို ပြန်လာပြီးတော့ ဘာလို့အသူရာငရဲမှာ အချုပ်ခံခဲ့တာလဲ။

တစ္ဆေဘုရင် သက်ပြင်းချလိုက်သည် "အခု အဲဒါပြောမလို့ပဲ တကယ် တော့ အဲဒါက ဝိညာဉ်နယ်မြေကြောင့်ဖြစ်ခဲ့တာ... ဝိညာဉ်နယ်မြေကို အုပ်စိုး နေတဲ့ ချင်းဟွမ် ဆိုတာရှိတယ်၊ မင်းအမေ လူသားလောကဘယ်နေရာမှာရှိလဲ ဆိုတာ သူပဲ အရင်ဆုံးသိခဲ့တာပဲ.. အဲတုန်းက သူမက မင်းအမေကို မျက်နှာသာ ပေးခဲ့တယ်.. သူက မင်းအမေကို စိတ်ရင်းနဲ့ ချစ်ခဲ့တယ်လို့ ပြောလို့ရတယ် သူက တစ္ဆေလောကနဲ့ ဝိညာဉ်နယ်မြေကြားက ဆက်ဆံရေးကို ပြန်တည်ဆောက်ချင် ခဲ့တာ.. သူသာ မင်းအမေကို လက်ထပ်ခွင့်မရရင် သူက တစ္ဆေလောကကို လာ တိုက်ခိုက်တော့မှာ"

"သူ အမေ့ကို ချစ်တယ်ဆိုတာ ဟန်ဆောင်တာပဲနေမှာ စစ်ဖြစ်ဖို့အတွက် ဆင်ခြေတစ်ခုသာသာပဲ" ရှီမာယူယူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် လိုက်သည်။ ထိုစဉ်က ယွိခဲ့လော့၏ အခြေအနေကို စဉ်းစားမိသည်နှင့် သူမ ရင်နာမိသည်။

"ဝိညာဉ်နယ်မြေနဲ့ တစ္ဆေလောကက ဘယ်တုန်းကမှ တွဲမရှိခဲ့ဘူး.. သူတို့ တွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်.. ဒါပေမဲ့ သူတို့မှာ အမြဲတမ်း အစီအစဉ်ရှိခဲ့တယ်.. စစ်ပွဲသာ တကယ်ဖြစ်ခဲ့ရင် ဆိုးကျိုးကိုခံရမှာက သာမန်လူတွေပဲလေ"

"အဲတော့ အဘိုးက စစ်ပြေငြိမ်းခဲ့လား"

"မင်းအဘိုးက အလွယ်တကူ စစ်ပြေငြိမ်းမယ့်လူလို့ ထင်ရလို့လား" တစ္ဆေဘုရင်သည် သူမ၏ ဘေးဘက်ကို ကြည့်လိုက်သည် "အဲတုန်းက ချင်းဟွမ် ကို အနိုင်ယူပြီး သူ့လာရာလမ်းအတိုင်း ပို့ချင်တာ.. ဒါပေမဲ့ ကန့်ကွက်မှုတွေ ရှိ လာတယ်.. ငါက သူတို့ကို သိပ်ပြီးအာရုံသိပ်မထားဘဲ စစ်တိုက်ဖို့ တပ်အင်အား ကို ပြင်ဆင်နေတဲ့အချိန်မှာ မင်းအမေက လာရှာတယ်.. တစ္ဆေလောကက သူမ အကြောင့် ရှုပ်ထွေးသွားရတော့ သူမက အသူရာငရဲမှာ အချုပ်ခံသင့်တယ်တဲ့"

"အမေ သူမ..."

"သူမက ငါ့ကိုယ်စား စဉ်းစားပေးတာပါ" တစ္ဆေဘုရင် သက်ပြင်းချလေ သည် "လူတစ်ယောက်က အင်အားရှိလာရင် ထည့်စဉ်းစားရမယ့်ဟာတွေများ လာတယ်.. ငါကလည်း သူမကို ချင်းဟွမ်နဲ့ လက်မထပ်ပေးချင်ဘူး.. သူမက လည်း ငါ့ကိုမိုက်ရူးရဲဆန်တာတွေ မလုပ်စေချင်ဘူး.. ပြီးတော့ အဲလူတွေက စစ် ဖြစ်ဖို့ကို ကန့်ကွက်ပြီး မင်းအမေကို သူနဲ့ လက်ထပ်ဖို့ပြောခဲ့တယ်.. ဒီကိစ္စပြီး သွားပေမဲ့ သူတို့က သူမကို နည်းလမ်းရှာပြီး အကွက်ဆင်ခဲ့တယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) book-10Where stories live. Discover now