အပိုင်း (၁၈၁၃) - ဆက်သွယ်ချက်

715 111 0
                                    

Zawgyi


ရှောင်ရော့ပိုင်သည် အတန်ကြာတန့်သွားပြီးမှ နားရွက်နောက်သို့ ဆံပင် ကိုပို့ကာ ပြောလိုက်သည် "အရင်က သူမနဲ့သိပ်ပြီး အဆက်အသွယ်မရှိဘူး ဒါပေမဲ့ သူမကိုသိပြီးတဲ့နောက်တော့ တကယ်ပဲ ကြားရတဲ့သတင်းတွေနဲ့ မတူ ဘူး... ဒါပေမဲ့ သတင်းတွေက အမှန်ပါလို့ ဘယ်သူပြောနိုင်လို့လဲ... မုရုန်ဟွေ့ က သူ့သမီးကို အသုံးမကျတဲ့လူဖြစ်အောင် သတင်းတွေဖြန့်ထားတာလည်း ဖြစ်နိုင်တာပဲ... ပြီးမှ သင့်တော်တဲ့အချိန်ရောက်မှ လူတွေကိုပေးသိတာမျိုးလေ"

ယွိချီ နှုတ်ခမ်းတွန့်လေသည် "ဒါကလည်း သူမကို ကာကွယ်ဖို့အတွက် နည်းလမ်းကောင်းပဲ... ဒါပေမဲ့ နောက်ထပ်ဖြစ်နိုင်ချေရှိသေးတယ်လို့ထင်တယ်"

"တခြားဖြစ်နိုင်ချေကဘာလဲ"

"သူမက မုရုန်ရှီမဟုတ်ဘူး"

"ရှင်အဲလိုထင်ရင်လည်း ထင်ချင်သလိုထင်လိုက်ပေါ့"

"မင်းက အဲလိုမထင်ဘူးလား"

ရှောင်ရော့ပိုင် ပခုံးတွန့်လိုက်သည် "ကျွန်မကတော့ အဲလိုမျိုးမတွေးဖူး ဘူး မုရုန်ဟွေ့က သူ့သမီးနဲ့တစ်ပုံစံတည်းတူတဲ့လူကိုရှာပြီး အစားထိုးနိုင်မယ့် အစွမ်းအစရှိမယ်လို့ မထင်ဘူး"

"ငါကတော့ အဲလိုပဲထင်တယ်" ယွိချီသည် သူမကိုစိုက်မကြည့်တော့ဘဲ စားပွဲပေါ်မှ ဝိညာဉ်အသီးကိုယူပြီး ကစားနေလေသည်။ "မင်းသမိလား ငါတို့လူ တွေအသတ်ခံရကတည်းကဆိုရင် ရက်တွေအတော်ကြာသွားပြီ... သူတို့ သတင်းလည်း လမ်းစပျောက်နေတယ် သူတို့ တယွိမြို့တော်ကိုတောင် ရောက်ခါနီးလောက်ပြီ... မင်း သူမကို တွေ့ချင်လား"

"မတွေ့ချင်ဘူး" ရှောင်ရော့ပိုင်သည် မစဉ်းစားတော့ဘဲ ငြင်းလိုက်သည် "သူမကိုတွေ့တဲ့အချိန်က လက်စားချေတဲ့အချိန်ပဲဖြစ်လိမ့်မယ်"

"အဲနေ့က သိပ်မလိုတော့ပါဘူး" ယွိချီသည် ပြောပြီးနောက် လှည့်ထွက် သွားလေသည်။

ရှောင်ရော့ပိုင်သည် သူထွက်သွားသည်အထိစောင့်ပြီး စားပွဲအောက်မှ သူမ၏လက်ကိုဆွဲထုတ်လိုက်ရာ သူမ၏လက်ဖဝါးမှာ ဖိဆိတ်ရာ အမှတ် လေးခု ရှိနေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) book-10Nơi câu chuyện tồn tại. Hãy khám phá bây giờ