အပိုင်း (၁၈၆၂) - မြစ်ထဲသို့ဆင်းခြင်း

622 90 0
                                    

Zawgyi


"မင်းက အငွေ့သားရဲကို သတ်ချင်လို့လား"

"အဲဒါတော့ အခြေအနေအရပဲ... အငွေ့သားရဲက ရန်ငြိုးကြိးတယ်လို့ မပြောခဲ့ဘူးလား... ဒီနေ့ ကျွန်မက သူ့ကိုထိခိုက်အောင်လုပ်လိုက်ပြီဆိုတော့ လက်စားချေဖို့ သေချာပေါက်လာရှာမှာပဲ" ရှီမာယူယူ ပြောလိုက်သည် "ကျွန်မ ကိုလာရှာတဲ့အထိ စောင့်တာထက် ကျွန်မကပဲ အရင်သွားရှာတာကောင်းတာ ပေါ့... ပြောသလိုဆိုရင် ဒဏ်ရာရနေတုန်း အသက်နှုတ်လိုက်တာ မကောင်းဘူး လား"

"ဟုတ်တယ်" ဟွမ် သဘောတူလေသည် "သူ ဒဏ်ရာသက်သာလာပြီး သခင်မလေးကို လက်စားလာချေတာကို စောင့်တာထက် အခုပဲသွားရှာလိုက် တာ ပိုကောင်းတယ်"

"ဒါပေမဲ့ ငါတို့က မြစ်အောက်ခြေက အခြေအနေကို မရင်းနှီးဘူးလေ... ဒီအတိုင်းဆင်းသွားလိုက်ရင် အန္တရာယ်ဖြစ်နိုင်တယ်" မိုကျိသည် အနည်းငယ် စိတ်ပူနေသည် "မိုကျန့်ကို လူလွှတ်ဆင်းခိုင်းပြီး အရင်စစ်ဆေးကြည့်ခိုင်းရင် ရော"

"သူတို့က အငွေ့သားရဲကို မမြင်ရဘူးလေ... ပြီးတော့ သူတို့အကုန်လုံး ပေါင်းရင်တောင် ဟွမ်တစ်ယောက်ကို မယှဉ်နိုင်ဘူး သူတို့ကိုဘာလို့ စွန့်စားခိုင်း ရမှာလဲ" ရှီမာယူယူ‌ ပြောလေသည်။

"အဲဒါက... ဟုတ်ပါတယ်" မိုကျိ သဘောတူလေသည်။ သူမ ဒီလောက် ကြီး တည့်တိုးပြောဖို့မလိုပါဘူး။

"ဒါဆို ဒီလိုပဲကိစ္စပြတ်ပြီ.. ဟွမ်နဲ့ ကျွန်မဆင်းသွားမယ်" ရှီမာယူယူသည် ဟွမ်အားကြည့်ပြီးနောက် ပြုံးကာပြောလိုကသည် "ဟွမ်ရော ဘာငြင်းစရာရှိလဲ"

"ဘာမှငြင်းစရာမရှိပါဘူး ဒါပေမဲ့ လူတစ်ယောက်ကို စောင့်ဖို့လိုသေး တယ်... ကျွန်တော်တို့ ဆင်းသွားတာနဲ့ သူရောက်လာလိမ့်မယ်" ဟွမ်သည် သူမ အား ကာကွယ်ရန် နောက်မှလိုက်ရမည်ဖြစ်သဖြင့် ငြင်းဆန်စရာအကြောင်းမရှိ ပေ။

"ဘယ်သူ့ကို စောင့်နေတာလဲ"

"အရိပ်မည်း"

"အရိပ်မည်းလည်း လာမှာလား"

"သူက နောက်ပိုင်း ဒီမှာနေတာပဲ" ဟွမ် ပြောလေသည် "သူက ဒီနေရာနဲ့ တရင်းတနှီးရှိမယ်လို့ထင်တယ်... ဆင်းသွားရင်လည်း လမ်းပြရတာပေါ့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) book-10Where stories live. Discover now