၂
*ပတ်ချန်းယောလ်*
"မှား မှားသွားပါတယ်.."
"ဘာကိုလဲ ကောင်လေး"
"ဗျာ.."
ချန်းယောလ် အသိစိတ်ကနေ ကိုယ်တောင် မသိလိုက်ရပဲ အဲ့ဒီ Hyung ရဲ့ လက်ဖျားလေးကို ကိုင်လိုက်မိသတဲ့။
ခပ်ဟဟ ရယ်မောလာတဲ့ မျက်နှာဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် လှသည်။ (လှသည် ကလေးအတွေးလေးနဲ့ တွေးခြင်းသာ)
နူးညံ့နွေးထွေးနေတဲ့ လက်သွယ်သွယ်တွေ။
"လူ လား ဟင်.."
"ဟောဗျာ..."
ရယ်လိုက်တာ။ ဒီအစ်ကိုကြီး ရယ်လိုက်တာ တကယ်လှလိုက်တာ...
"ရား ပတ်ချန်းယောလ် အခုထွက်ခဲ့
နင့်ကို အိမ်ရှင် ကောင်လေး ရိုက်လွှတ်လိုက်မယ်..လာခဲ့.."ထိုစကားကို ကြားတာနဲ့ ချန်းယောလ် ခြံတံခါးနားပြေးကာ
"မေမေလဲ အဲ့ အစ်ကိုကြီးကို မြင်ရလား.."
" ငါက ကန်းနေလို့ မမြင်ရမှာလား လာထွက်ခဲ့.."
"အ့ အားးး မေမေ နာတယ်.."
နားရွက်ကို ဆွဲလိမ်ထားတဲ့ မေမေ့ကြောင့် ခြံစည်းရိုး အထဲနဲ့ အပြင် စစ်ခင်းနေကြသူတွေလို
"တံခါးဖွင့်စမ်း အခု"
"အ့ အ့ မေမေ့"
"သားကို အားနာလိုက်တာကွယ်
အိမ်က သားဆိုးကြောင့်
အိမ်ပြောင်းလာတာထင်တယ်..""ဟုတ် အန်တီ ဒီနေ့မှ လာကြည့်တာပါ နောက်နေ့လောက် ပြောင်းမှာမို့..."
ချန်းယောလ်ရဲ့ ပုခုံးပေါ်ကနေ အုပ်မိုးကာ အပေါ်စီးက ဖက်လိုက်သလို ငုံ့မိုးချလာတာမို့ ချန်းယောလ် နားရွက်က နာနေတာတောင် မေ့သွားရသည်။
အဲ့ဒီအစ်ကိုကြီးကတော့ ချန်းယောလ် ကွယ်ထားတဲ့ တံခါးကို ဖွင့်လိုက်တာပဲ ဆိုပေမယ့် ချန်းယောလ်ကရော။လွတ်လွတ်ကျွတ်ကျွတ် ပွင့်သွားတဲ့ တံခါးချပ် သေးသေးလေး နှစ်ခုရယ် လွတ်မြောက်သွားတဲ့ နားရွက်ဖျားလေးရယ်။
မေမေက အစ်ကိုကြီးကို နှုတ်ဆက်နေတာ ။ အကူအညီ လိုရင် ပြောဖို့ ပြီးတော့ ချန်းယောလ်ကို ဆုံးမပေးဖို့
စသဖြင့် စသဖြင့်တွေ လောကဝတ်ပြုနေတာ။
YOU ARE READING
ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)Completed
Fanfictionခါးသက်ခြင်း ဝေးကွာခြင်းတွေနဲ့ မသက်ဆိုင်ပဲ အချစ်ကို ချစ်တယ်လို့ ပြောချင်ယုံ ချစ်ခြင်းမေတ္တာဟာ သူ့သဘာဝလေးအတိုင်း စီးမြောနေပုံကို ဒီအတိုင်း လေးတွဲ့တွဲ့လေး အေးအေးဆေးဆေးလေးလဲ ရေးကြည့်ချင်လာလို့ပါ။ ဘယ်လို ဇာတ်ကွက် မှ ထူးထူးခြားခြား ပါနေမှာမဟုတ်တာကိုတော့ က...