10

241 42 6
                                    

10

ခရစ်စမတ်ဟာ အဲ့ဒီလိုပဲ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားတယ်။

ပြီးတော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလေး တစ်ခန်းရပ်သွားတယ်။

ဟုတ်ပါတယ်။
အဲ့ဒီနေ့။ အဲ့ဒီခရစ်စမတ်ရဲ့ နောက်နေ့မှာပဲ Chanyeol ဆိုတဲ့ ချာတိတ်လေးက ထပ်မံပျောက်ကွယ်သွားပြန်ပါတယ်။

အဲ့ဒီလို ဝေးကွာသွားရတဲ့ဆက်ဆံရေးတွေ
တစ်စုံတစ်ယောက်ဆီက ပစ်ချခံရတာမျိုးတွေ တကယ်ကို မကြိုက်ဘူး။

ဒါပေမယ့်လည်း Baekhyun မှာ ပြောခွင့်မရှိဘူးမဟုတ်လား။

ဆောင်းရာသီ ပြီးတော့
နွေဦး ၊ နွေ
သစ်ရွက်တွေကြွေသွားပြန်လိုက် ပန်းတွေ ဖွေးနေအောင် ပွင့်လိုက်
လူတွေအများကြီး ဝင်လာလိုက် ထွက်သွားလိုက်
ပျော်ရွှင်ကြရတဲ့ ရက်တွေ ဝမ်းနည်းကြရတဲ့ရက်တွေ

အဲ့ဒီလို ရာသီတွေဟာ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတယ်။
တစ်နှစ်တစ်ခါလောက် ရောက်လာတတ်ပေမယ့် အရင်လို မနွေးတော့တဲ့ လက်ဖဝါးတွေ။ အရင်လို မကြားရတော့တဲ့ စကားချိုချိုတွေ

နောင်တရသွားမှာပါ ဆိုတဲ့ စကားအတိုင်း
အဲ့ဒီနေ့က ချာတိတ်လေးက နောင်တတစ်ချို့နဲ့ Baekhyun ဆီကနေ ဖြေးဖြေးချင်း ဆုတ်ခွါသွားတယ်။
ပြီးတော့ တရွေ့ရွေ့ ဝေးရင်းဝေးရင်း။

အရပ်တွေရှည်လာတယ်
မျက်ဝန်းတွေဟာ သူ့ကိုတွေ့တိုင်း မှိုင်းပြသွားတာက နောင်တ*တရားတစ်ချို့ရဲ့ ပယောဂ ကင်းပါ့မလား။
ပါးချိုင့်လေးတွေ ထင်းလာတယ်။
ခြေတံ လက်တံတွေရှည်လာတာ Baekhyun ရင်းနှီးခဲ့တဲ့ စကားများတဲ့ ဝတုတ်လေးမဟုတ်တော့ဘူး။ Baekhyun ကို သဘောကျတယ်လို့ ပြောဖူးတဲ့ အဲ့ဒီတုန်းက ချာတိတ်လေးမဟုတ်တော့ဘူး။ အမေရိုက်မှာကြောက်လို့ ရပ်ကွက်ထဲ ပတ်ပြေးတတ်တဲ့ အလယ်တန်းကျောင်းသားလေး မဟုတ်တော့ဘူး။

ရာသီတွေ ပြောင်းရွှေ့သွားတာနဲ့အမျှ
အရင်က Chanyeollie ဆိုတဲ့ ချာတိတ်လေးလဲ တစ်စတစ်စ ပျောက်ကွယ်သွားတယ်။ ပြီးတော့ ဝေးကွာသွားတယ်။

တခုပ်တရကြီး လွမ်းမောနေမိတာမျိုးမဟုတ်ခဲ့ပဲ ။ အချိန်အခါမရွေး ရောက်ရှိလာတတ်တဲ့ မိုးပြေးလေးလို Chanyeollie ကို သတိမရပါဘူးလို့တော့ မလိမ်ညာချင်တော့ပါ။ မိုးပြေးဆိုတဲ့အတိုင်း အချိန်အခါမသိ ရွာချပြီးရင် မြေသင်းနံ့လေးကလွဲလို့ ဘာမှ မကျန်ရစ်ခဲ့ဘူး မဟုတ်လား။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now