4
ဘယ်ကနေ စပြောရပါ့မလဲ
တိတ်ဆိတ်သော
အေးချမ်းသော
လွတ်လပ်ပေါ့ပါးသောအင်း အဲ့လို ပတ်ချန်းယောလ်ဆိုတဲ့ ကလေးတစ်ယောက် မြင်နေရတဲ့ လှပတဲ့ ဘဝလေးမဟုတ်ပဲ
တကယ့် ငါ့ရဲ့အကြောင်း‼️
လူမနေတာကြာတဲ့ ခြုံတစ်ချို့နဲ့ ရှုပ်ပွပွဖြစ်နေတဲ့ ခြံဝင်းထဲမှာ
အဲ့ဒီခြံဝင်းရဲ့ သစ်သားကွပ်ပစ်လေးတစ်ခုပေါ်မှာလဟာ သာနေပါသလား။
ဘတ်ဟျွန်းမြင်နေရတဲ့ လမင်းက
တစ်ဝက်ထိပြည့်နေတဲ့ ဒီအတိုင်း လမင်းတစ်ခုသာဖြစ်တယ်။တိမ်တိုက်တွေပြေး လွှားလှုပ်ရှားနေကြသလား။
ကြယ်လေးတွေပဲ ရွေ့လျားနေကြပါသလား။ဟင်းလင်းပြင်ဖြစ်တဲ့ ကောင်းကင်ကြီးမှာ ဘတ်ဟျွန်းတစ်ယောက်သာ မြင်နေရတဲ့ ပုံရိပ်ရောင်တွေ။
"ဘတ်ဟျွန်းနား ထတော့လေ
သင်တန်းသွားရတော့မယ်မလား.."အမေ့အသံက နားထဲကို သက်သောင့်သက်သာလေး စီးဝင်လာတယ်။
ခေါင်းရင်းက နှိုးစက်နာရီလေးက မနက်ခင်း ၄ နာရီကို ညွှန်ပြနေတယ်။သဲတွေဝင်ထားသလို ဖန်စပ်နေတဲ့ မျက်လုံးတွေနဲ့ ဘတ်ဟျွန်းနိုးထလာရတဲ့ မနက်ခင်းတွေက ဘယ်တုန်းတွေတည်းကလဲ။
မသိတော့ဘူး။
မသိဘူးဆိုတာထက် မမှတ်မိတော့တာ။
တိတိကျကျပြောရရင် သိတတ်စထဲက ဘတ်ဟျွန်း မှတ်မိနေတဲ့အရာက အဲ့ဒီအတိုင်းပဲ ဖြစ်နေခဲ့တာ။တယောအိတ်ကို ကျောပေါ်တင်ပြီး ဘတ်ဟျွန်းက နှင်းထူနေတဲ့ မနက်ခင်း၄ နာရီမြင်ကွင်းကို ဆောင်းရောက်တိုင်းကြည့်ရတဲ့အတွက် ပျော်ရွှင်ခဲ့ရဖူးသလား။ ဟင့်အင်း။ ဘယ်လိုခံစားမှုမျိုးကိုမှ ဘတ်ဟျွန်း မရဖူးဘူး။ အေးတယ်ဆိုတဲ့ ခံစားချက်ကလွဲလို့ပေါ့။
Driver ဦးလေးကြီးမောင်းပို့တဲ့ နေရာစုံဟာ တယောနဲ့ သက်ဆိုင်တဲ့ နေရာမျိုးစုံပဲဖြစ်နေတတ်တယ်။
တယောဆိုင်
သင်တန်း
တယောဆရာအိမ်
Musical Show
စသဖြင့် စသဖြင့်ဘတ်ဟျွန်း မျက်လုံးတွေ မှိတ်ချပြစ်လိုက်တယ်။ ဒီညဟာ အိပ်ရေးဝအောင် အိပ်ရမယ့် ညမဟုတ်လား။
ပြန်မတွေးချင်တော့ဘူး။
YOU ARE READING
ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)Completed
Fanfictionခါးသက်ခြင်း ဝေးကွာခြင်းတွေနဲ့ မသက်ဆိုင်ပဲ အချစ်ကို ချစ်တယ်လို့ ပြောချင်ယုံ ချစ်ခြင်းမေတ္တာဟာ သူ့သဘာဝလေးအတိုင်း စီးမြောနေပုံကို ဒီအတိုင်း လေးတွဲ့တွဲ့လေး အေးအေးဆေးဆေးလေးလဲ ရေးကြည့်ချင်လာလို့ပါ။ ဘယ်လို ဇာတ်ကွက် မှ ထူးထူးခြားခြား ပါနေမှာမဟုတ်တာကိုတော့ က...