27

156 17 0
                                    

27

လှပတဲ့ အပြုံးတွေရဲ့ မြစ်ဖျားခံရာဟာ ပျောက်ကွယ်မှေးမှိန်သွားတဲ့အခါမှာ အပြုံးတွေယုတ်လျော့လာခဲ့တယ်။
အဲ့ဒီကောင်လေးက တဖြေးဖြေးပြုံးပျော်ရမှာ မေ့လျော့လာခဲ့တယ်။

******

အမှုစစ်တဲ့ အလုံပိတ်ခန်းမထဲမှာ Baekhyun က စိတ်နဲ့ကိုယ်နဲ့မကပ်လောက်အောင်ကို ယောက်ယက်ခတ်နေတယ်။
Baekhyun က လူသတ်မှုတစ်ခုရဲ့ တရားခံအဖြစ် အဲ့ဒီအခန်း အဲ့ဒီစားပွဲမှာ ထိုင်နေရတာဖြစ်တယ်။
အဲ့တာထက်ကို နစ်နာသူက Kim Kai ဆိုတဲ့ သူဖြစ်နေတာကြောင့်ဖြစ်တယ်။

တာဝန်ရှိသူက တစ်ခုပြီးတစ်ခုမေးနေပေမယ့် Baekhyun ကတော့ အရေးပေါ်ခန်းက တစ်စုံတစ်ယောက်ဆီကိုသာ ပြေးလွှားနေချင်ခဲ့မိတယ်။

"ဦးလေးကြီး ကျွန်တော် ဆေးရုံသွားကြည့်ချင်တယ်..."

ပါးပြင်ပေါ်တလှိမ့်လှိမ့်ကျဆင်းလာတဲ့ မျက်ရည်ပူနွေးနွေးတွေက သစ္စာရှိစွာ။
သူ့ကို စစ်နေတဲ့ အရာရှိကြီးကတော့ လုပ်ငန်းတာဝန်အရ Baekhyun ကို 72 hrs ထိန်းသိမ်းထားနိုင်ခွင့်ရှိတာမို့ ပေးလွှတ်ချင်ဟန်မရှိ။

"မနေ့က ညဘက် Kim Jong In ဘယ်အချိန်ပြန်သွားတာလဲ.."

"ဘာတွေပြောလိုက်တာလဲ.."

"သူငယ်ချင်းဖြစ်တာ ဘယ်ချိန်တည်းကလဲ.."

"ဒီရက်ပိုင်း စကားများတာ ဘာညာရှိသေးလား.."

ဒီမေးခွန်းတွေကိုပဲ ထပ်တလဲလဲမေးနေတာ ၁ နာရီကျော်လောက်ရှိနေပြီပေမယ့် ဦးလေးကြီးကတော့ လိုချင်တဲ့ အဖြေမရသေးဟန်ပင်။

"ကျေးဇူးပြုပြီး.."

Baekhyun အသံက တိုးသက်တိမ်ဝင်နေတယ်။ စို့နင့်နေမှုဟာ ရင်ဘတ်တစ်ခုလုံး မခံမရပ်နိုင်လောက်တဲ့အထိ။

"ကျေးဇူးပြုပြီး ဆေးရုံကိုသွားခွင့်ပေးပါ.."

ကြေကွဲစွာနာကျင်နေသံဟာ တစ်ဖက်လူကို လက်ခံယုံကြည်နိုင်လောက်ခဲ့တယ်ထင်ပါရဲ့။

လက်ထပ်တန်းလန်းနဲ့ Baekhyun ဆေးရုံကိုရောက်လာနိုင်ခဲ့တယ်။
ကျွန်တော့်ရဲ့ သူငယ်ချင်းလေးကတော့ မှေးစက်အိပ်ပျော်နေခဲ့တယ်။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedTahanan ng mga kuwento. Tumuklas ngayon